Tumgik
coconutccg-blog · 11 years
Text
ဆောက်ပေါကြီး ရွှေဘိုမင်း Shwebomin, so-called King of Myanmar
သူကိုယ်သူ မြန်မာနိုင်ငံရဲ့ ဘုရင် လို့ ကြွေးကြော်နေတဲ့ ဘုရင်ရူးကြီး ရွေဘိုမင်း အကြောင်း ဖြစ်ပါတယ်။ Who is Shwebomin? Who the hell is Shwebomin? ရွှေဘိုမင်း ဆိုတာ ဘယ်သူလဲ။ ရွှေဘိုမင်း ဆိုတာ ဘာကောင်လဲ။
Shwebomin is so-called King of Myanmar. Actually, Shwebomin is a pretender to the throne of Burma/Myanmar.
He and his troll group claim that he is the King of Myanmar.
His troll group is an organized team of trolls and they live in many towns in England. They call Shwebomin "His Majesty King Shwebomin II of Burma". They call King Thibaw "bastard". They call Aung San Suu Kyi "Traitor Suu Kyi Aris".
They want to charge Aung San Suu Kyi for high treason.
They write trolling on Topix Burma Forum. Here is Topix Burma Forum. http://www.topix.com/forum/world/burma
They write entirely nonsense craps.
What they write are mention below.
1. Shwebomin is King of Myanmar. (Shwebomin is just a pretender to the throne of Myanmar.) (တကယ်တော့ ရွှေဘိုမင်းဟာ ဘုရင်ရူးရူး နေတာပါ။) 2. Myanmar people needs Shwebomin as their king. (တကယ်တော့ ရွှေဘိုမင်းကသာ မြန်မာပြည်ကို လိုအပ်နေတာပါ။) 3. If Shwebomin return to Myanmar, Burmese people shall honor him with royal welcome. (တကယ်တော့ ဘယ်မြန်မာနိုင်ငံသားမှ သူ့ ကို အရေးလုပ်မှာ မဟုတ်ပါဘူး။ ငကြောင်တစ်ချို့ လောက်တော့ အရေးလုပ်ချင်လုပ် မှာပေါ့။) 4. King Thibaw was bastard. He was not a son of King Mindon. He was an illegitimate son of a monk. And He was a murderer too. (တကယ်တော့ ဒါတွေဟာ အင်္ဂလိပ်တွေရဲ့  မဟုတ်တမ်းတရား ၀ါဒဖြန့် မှုတွေကို ခိုးချထားတာပါ။) Here is the original link of how they wrote about King Thibaw was bastard. http://www.topix.com/forum/world/burma/TUN81OJ2VNV35FQST/post39 5. Aung San Suu Kyi''s real name is "Suu Kyi Aris" and she is also traitor. Burmese people must set up a court and try her for high treason. (ဒါကတော့ သက်သက်မဲ့ မနာလိုဖြစ်နေတာပါ။ အောင်ဆန်းစုကြည်ရဲ့ လျှမ်းလျှမ်းတောက် အောင်မြင်မှု နဲ့  ရွှေဘိုမင်း ရဲ့  လူမသိ သူမသိ အဖြစ်ကို နှိုင်းယှဉ်ပြီး မနာလို ဖြစ်နေကြတာပါ၊) Here is the original link of how they wrote about to charge Aung San Suu Kyi for high treason. http://www.topix.com/forum/world/burma/TUN81OJ2VNV35FQST/post18
Related link: Modern Royal Pretenders around the world (one of them is Shwebomin.) http://www.topix.com/forum/world/burma/T8PBSCU4UF7KJEKCC
0 notes
coconutccg-blog · 11 years
Text
ရန်ကုန်တိုင်းဂျာနယ်၏ ဘက်လိုက်၍ မှားယွင်းဖော်ပြမှုအား လယ်သူမကြီး ဒေါ်မြင့်မြင်ရီမှ ပြန်လည်တရားစွဲဆိုတော့မည်..။
    ““ရန်ကုန်တိုင်းဂျာနယ် (အတွဲ-၈၊ အမှတ်(၃၉) အောက်တိုဘာ (၁၀-၁၇-၂၀၁၂)ပါ ရေတံခါးပြုလုပ်မှုကို ကျေးရွာပြည်သူ ၅၀၀ ကျော် စုပေါင်းလက်မှတ်ရေးထိုးတိုင်ကြားမှု ဒေးဒရဲတွင်ဖြစ်ပွားဆိုသည့် သတင်းနှင့်ပတ်သက်၍-     လုပ်ကြံဖန်တီး လိမ်လည် လက်မှတ်ထိုး တိုင်ကြားမှုကို တိုင်းသိပြည်သိ ကူညီရေးသားဖော်ပြပေးသည့် အဆိုပါ ရန်ကုန်တိုင်းဂျာနယ်အား မိမိ၏အကျိုးစီးပွားပျက်စီး၍ ဂုဏ်သိက္ခာကျဆင်းပြီး ကျေးရွာနှစ်ခြမ်းကွဲသည့်အဖြစ်မျိုး ကြုံတွေ့လာနိုင်သည့်အတွက် ခံစားရသူလယ်သူမကြီးဒေါ်မြင့်မြင့်ရီမှ အဆိုပါဂျာနယ်နှင့် သက်ဆိုင်သူများအားလုံးကို ပြန်လည်တရားစွဲတော့မည်ဟုဆိုခြင်း”” သာချို (ဟင်္သာတ)     အဆိုပါသတင်းဖြစ်ပွားမှုကြောင့် ကာယကံရှင်မိသားစု၏ ကိုယ်တိုင်ဖွင့်ဟ ပြောဆိုမှုများအား အရင်းအတိုင်း ပြန်လည်တင်ပြ ပါသည်။ (စာရေးသူ) ““ဒေါ်မြင့်မြင့်ရီ၏ ပြောစကား””     ဒီတာနဲ့ပတ်သက်ပြီး ပြောရ မယ်ဆိုရင်တော့ ကျွန်မ အမျိုးသားရဲ့ အစ်ကိုအရင်း ဦးမြစံကနေပြီးတော့ ကျွန်မရဲ့ လယ်ကန်သင်းကို ရေ တိုက်စားပြီး ပျက်သွားတဲ့အခါ နဂိုရှိပြီးသား လယ်ရေထွက်ပေါက်ကို  ပိတ်ပြီး လူသွားလူလာကောင်းအောင်၊ ဘုန်းကြီးကျောင်းလည်း အရင်လို လက်ထဲကနေကွေ့ပတ် မသွားရတော့ဘဲ ကျောင်းနဲ့တစ်ဖြောင့် တည်းဖြစ်အောင် လမ်းမလေးလုပ်ချင်တယ်ဆိုပြီး ကျွန်မဆီလာပြီး ပြောတယ်။ ညီမ ဒီဟာလေးကို ဆန္ဒပေးပါပေါ့။ ပြောရရင် လုပ်ပေးပါ ဆိုပြီးတော့။ အဲဒါနဲ့ ကျွန်မက ဒီလိုဆိုလည်း အစ်ကိုတို့ သွားရေး လာရေးကောင်းအောင် လုပ်တာတော့လုပ်ပေါ့။ ကျွန်မရဲ့ နဂိုရှိပြီး သား လယ်ရေပေါက်ကိုလည်း ပေးပါဆိုပြီး ကျွန်မက ပြောလိုက်တယ်။ အဲဒီနှစ်မှာပဲ ကျွန်မ လယ်လုပ်စားလို့ မရတော့ဘူး။ ဒါနဲ့ ကျွန်မက အစ်ကို... ကျွန်မတို့ လယ်လုပ်လို့မရဘူး။ ဒီမှာ ရေတွေအိုင်နေပြီ၊ အစ်ကိုမြင်တဲ့အတိုင်းပဲ။ ကျွန်မတို့ လယ်ရေထွက်ပေါက်ကို ပြန်ဖောက် ပေးမှရမယ်လို့ ကျွန်မကပြောတော့ အေးပြန်ဖောက်ပေးမယ်ဆိုပြီး ဖောက်ဖို့လုပ်တဲ့အခါကျတော့ ဘုန်းကြီးကလာပြီး ကန့်ကွက်တာပေါ့။ ဘုန်းကြီးနဲ့ ဂေါပကတွေဖြစ်တဲ့ ကိုကျော်ရင်တို့၊ ကိုစိုးစိုးတို့ အုပ်စု တွေကနေပြီး စပြီးကန့်ကွက်တယ်��� အဲဒီလို ကန့်ကွက်တဲ့အခါကျတော့  ဦးမြစံကနေပြီး ငါတို့လုပ်ထားတဲ့အလုပ်၊ မင်းတို့လုပ်ထားတာမဟုတ် ဘူး။ နဂိုကလည်း အပေါက်ရှိတယ်။ ဒီအပေါက်ကြောင့် သူ့မှာရေအိုင် ပြီး လယ်လုပ်လို့ မရတော့ဘူး။ ဒီအပေါက် ငါပြန်ဖောက်ပေးရမယ် ပေါ့။ ကျွန်မတို့ကလည်း ဒီအပေါက်ကို အများကြီးလည်း မလိုချင် ပါဘူး။ ရေထွက်နိုင်ယုံလေးပဲ လိုချင်တယ်လို့ပြောတဲ့အခါကျတော့ သူတို့က လက်မခံဘူး၊ ကန့်ကွက်တယ်။ အဲဒီလိုနဲ့ တစ်နှစ်ပြည့်သွား ပြန်တာပေါ့။ ကျွန်မ လယ်မလုပ်ရတော့ဘူး။ ကဲ... ဒီနှစ်တော့ ရာသီ ကုန်သွားပြီ၊ နောက်တစ်နှစ်တစ်ခါ ဆက်တောင်းတယ်။ ဆက်တောင်း တော့လည်း ဒီလိုပဲ။ ဒီလိုနဲ့ သူတို့ဘက်က ကန့်ကွက်တဲ့လူတွေ များ များလာတာပေါ့။     ဒီလိုပဲ နောက်တစ်နှစ်လည်း ဆက်တောင်းတယ်။ ဌာနဆိုင်ရာ ကိုလည်း ကျွန်မတို့က အဲဒီလို တောင်းမရလို့ ရပ်ကွက်လူကြီးကို အကြောင်းကြားတယ်။ ရပ်ရွာလူကြီးကလည်း ပြောမရတော့။ တစ်ခါ မြို့နယ်၊ မြို့နယ်က ဖောက်ခွင့်ပေးလိုက်ပေမယ့်လည်း လုပ်မရ။ လုပ်မရ တော့ ခရိုင်၊ ခရိုင်ကနေတိုင်း အဆင့်ဆင့် ဆည်မြောင်းပြန်ချပေး။ (ဆည်မြောင်း၊ အဲဒီအချိန်လာတုန်းကလည်း ဒီဟာအတွက် ကျွန်မတို့က အကူအညီ တောင်းလို့ တာဖို့ပေးဖို့ စက်တွေနဲ့လာတာ။ ကျွန်မတို့ကပဲ ဆီဖိုးပေးပြီးတော့ ဒါလေးကို မြန်မြန်လေးပြီးသွားအောင် ဆိုပြီးတော့ လုပ်လိုက်တာ)။ ဒါက နဂိုကျွန်မရဲ့ လယ်ကန်သင်းတာ၊ ဒီတာလေးကို ပြန်ငုံပြီးတော့ လူသွား လူလာကောင်းအောင်ဆိုပြီးတော့ ဖို့ပေးတာ။ ဖို့တာကလည်း ကျွန်မ လယ်ထဲက ကျွန်မမြေနဲ့ပဲဖို့တာ၊ သူများလယ် ထဲက မြေယူဖို့တာ မဟုတ်ဘူး။ ဒီအပေါက်ကိုလည်း တာအသားအကျသွားရင် မိုးဦးကျတာနဲ့ ပြန်ဖောက် ပေးမယ်ဆိုပြီးတော့ နေလိုက်တာ မိုးဦးကျလာတဲ့အခါ ရေများလာတဲ့အခါ ကျတော့ ကျွန်မတို့ လယ်လုပ် လို့ မရတော့။ ဖောက်ခိုင်းတဲ့အခါကျတော့ အဲဒီလို ပြဿနာတက်လာ တာပေါ့။ ဦးမြစံလမ်းလုပ်ဖို့ မြေအလှူလာခံပြီး တစ်ခါ စက်ကြီးတွေနဲ့လုပ်နေတော့ ဆီဖိုးလေးထည့်ပါဦးဆိုလို့လည်း ငွေငါးသောင်းစိုက်လိုက်သေးတယ်။ အားလုံးပေါင်း နှစ်သိန်းလောက် ကျမယ်။ ညီမ... နင် ငါးသောင်းလောက် ဆီဖိုးစိုက်ပါဟာဆိုလို့ ဆီဖိုးလည်း ငါးသောင်းစိုက်ပေးလိုက်သေးတယ်။ ကျွန်မ လယ်ကန်သင်းကိုလည်း တာအဖြစ် လုပ်လိုက်တယ်။ အဲဒီတာကိုလည်း ကျွန်မ လယ်ထဲက မြေကြီးကို ကော်ပြီးဖို့တယ်။ တာလည်းဖြစ်ပြီး ရေဖောက်ပေးဖို့တောင်းဆိုတဲ့အခါ ကျတော့ အဆင့်ဆင့်တွေ ဖြစ်လာတယ်။ ဟန့်တားနှောင်ယှက်မှုတွေ လုပ်လာတဲ့အပြင် အခုလူအုပ်နဲ့ လူအုပ်စုတွေစုပြီးတော့ နှောင်ယှက် လာလိုက်တာ အခုဆို (၄)နှစ်ရှိသွားပြီ ကျွန်မ လုပ်မစားရတာ။ အခု အချိန်ထိ ဘာမှဋ္ဌာနဆိုင်ရာတွေကလည်း လာလုပ်မပေးတဲ့အပြင်၊ ရန်ကုန်တိုင်း စာစောင်က ပုဂ္ဂိုလ်ရေးတွေထည့်ပြီး မဟုတ်မမှန်တာတွေထည့်ပြီး လူသိရှင်ကြား စော်ကားလိုက်တာပေါ့။ ကျွန်မရဲ့ ဂုဏ်သိက္ခာ ကျွန်မရဲ့ နစ်နာဆုံးရှုံးမှုတွေကို မှန်ကန်တယ်၊ မမှန်ကန် ဘူးဆိုတာကို စုံစမ်းလေ့လာမှု မရှိဘဲနဲ့။ အခု ကျွန်မလယ်မှာလုပ်ထားတဲ့ တာလမ်းနဲ့ ဒီလက်မှတ်ထိုးထား တယ်ဆိုတဲ့ လူငါးရာကျော်ဆိုတာတွေနဲ့လည်း ဘာမှမပတ်သက်ဘူး။ သူတို့ စီးပွားရေးနဲ့လည်း ဘာတစ်ခုမှ ပတ်သက်မှုမရှိဘူး။ ပြီးတော့ ဒီရေပေါက် တစ်ခုကြောင့်လည်း သူတို့ရဲ့ အကျိုးစီးပွား ဘာတစ်ခုမှ ပျက်စီးမှုမရှိဘူး။ ရပ်ရွာလည်း ပျက်စီးစရာအကြောင်း မရှိဘူး။ ဘယ်သူနဲ့မှလည်း ပတ်သက်မှု မရှိဘူး။ ဒါသက်သက်မဲ့ ပုဂ္ဂိုလ်ရေးအရ လုပ်နေကြတာပါ။     အဲဒီလူ ငါးရာဆိုတဲ့ဟာလည်း နာမည်သာရှိပြီး လူသေသွားတာ တွေလည်း ပါတယ်။ ကလေးကိုလည်း တစ်မိသားစုထဲက ပုခက်ထဲက ကလေးကအစ ဦးတွေ၊ ဒေါ်တွေတတ်ပြီးတော့ လုပ်ထားတာလုပ်ကြံပြီး တော့ လက်မှတ်အတုတွေနဲ့၊ ဒါတွေကို ကျွန်မအထက်အရာရှိတွေကို လည်း ပြန်တင်ပြမယ်။ ဒါတွေကို ကွင်းဆင်းစစ်ဆေးပါပေါ့။ မဟုတ် တာတွေ၊ အတုတွေထိုးပြီး လုပ်ထားပါတယ်ဆိုတဲ့အကြောင်း။ ဒီရန်ကုန် တိုင်းဂျာနယ် သတင်းထောက် အေးမြမြထွန်းအနေနဲ့ သူတို့လည်း ဒီကိစ္စမှာ ဘာမှပါဝင်ပတ်သက်မှုမရှိ၊ ကွင်းဆင်းလေ့လာမှုလည်း မရှိ ဘူး။ ကျွန်မတို့မှာ အမိန့်အမျိုးမျိုး ချပေးထားတဲ့ စာရွက်စာတမ်း တွေရှိတယ်။ သူက သက်သက်မဲ့မဟုတ်မမှန်တာတွေ ထည့်ရေးပြီးတော့ ကျွန်မရဲ့ ဂုဏ်သိက္ခာကို ထိပါးကျဆင်းအောင် လုပ်တာလေ။  ဒီအမျိုးသမီးကလို့ ဆိုတော့ ကျွန်မမှာ နာမည်နာမရှိတယ်လေ။ သူ့ဘက် က စစ်ဆေးမေးမြန်းမှု မရှိဘဲနဲ့ တစ်ဖက်ကပြောတဲ့အတိုင်း လိုက်ရေး တာ၊ တစ်ဖက်ကကော စာရွက် စာတမ်းပြနိုင်သလား။ ကျွန်မက ဥပဒေလမ်းကြောင်းပေါ်ကနေ အမှန်အကန် ကို လိုက်တာလေ။ ကျွန်မ တို့က တစ်ဆင့်ပြီးတစ်ဆင့် ကျော်လွှားသွားတာ မဟုတ်ဘူး။ တစ်ဆင့် ပြီးတစ်ဆင့် တောင်းဆိုလာခဲ့တာ။ ကျွန်မဘက်ကနေ လယ်သမားတစ်ဦးဖြစ်တဲ့အတွက် ဒီလယ်ကိုပြန်စိုက်စားချင်လို့ပါဆိုပြီး တောင်း ဆိုလာခဲ့တာလေ။  အခု ကျွန်မလယ်မလုပ်ရတာ (၄) နှစ်ကျော်နေပြီ။ ကျွန်မတစ်ယောက်တည်းမလုပ်ရတာ အဲဒီနားမှာ ကျန်တဲ့ ကျွန်မ လယ်တွေ လည်း ဒီရေမြောင်းပိတ်ထားတဲ့အတွက် ကျွန်မလုပ်မရတာလေ။ ဟိုဘက်က တာ၊ ဟိုဘက်ကလယ်တွေက လုပ်စားနေကြတယ်လေ။ ပြောမယ်ဆိုရင် တူးထားတဲ့မြောင်းကနေပဲ ရေကသွားမှာလေ။ မိုးရွာတဲ့ရေပဲ လွှတ်မှာလေ။ ရေစက်ချသလောက်ကလေးပဲ သွားမှာ။ ဒါလေးကို ဒီလိုပဲသွားနေမယ် ဆိုလို့ရှိရင် ကျွန်မ အေးအေးဆေးဆေး လုပ်စားလို့ ရတာပေါ့။     ရေငံဝင်ဖို့ဆိုတာကလည်း ဘယ်နည်းနဲ့မှ တက်မလာနိုင်တော့ ဘူး။ ကျွန်မတို့ရွာရဲ့ဒေသ၊ ကျွန်မတို့ အရပ်ကိုလည်း မြင်တဲ့အတိုင်း ပဲ။ အခုရွာရဲ့ သောင်တန်းတွေမှာတောင် အိမ်တွေ ပေးကုန်ပြီ။ အိမ်ရာ ကွက်တွေ ရိုက်ပေးနေပြီ။ ဘယ်ကရေက တက်လာပြီးတော့ ဘယ်လို ဖြစ်နိုင်မှာလဲ။ ဒီထဲမှာ နှစ်ပေါင်း (၃၀) ခန့်ရှိသော တာလမ်းကို ဖျက်ကာရေတံခါး ပြုလုပ်ပါတယ်တဲ့။ သူကပြောထားတယ်။ ရေတံခါး ကြီးလုပ်ဖို့လည်း ကျွန်မတို့က အစီအစဉ်မရှိဘူး။ နဂိုတုန်းကလည်း  ရေတံခါးဆိုတာမရှိဘူး။ ဘာမှတောင်မရှိဘူး။ အပေါက်ကလေး သေးသေးမှာ တံတာလေးထိုးထား လိုက်တာ။ ပြောမယ်ဆိုရင် လမ်းခြေကျော်ပေါက်ကလေးပေါ့။ ဒီ ခြေကျော်ပေါက်ကလေးနဲ့  တံတားလေးထိုးပြီး သွားလာနေကြတာပေါ့။ အခုလည်းကျရော ဒါကို ပြန်လေးနဲ့ ချမယ်ဆိုရင် ကောင်းမယ်ဆိုပြီးတော့ ဒီအပေါက်ကြီးက ဟောင်း လောင်းကြီးဖြစ်နေရင် ဒီအပေါက်ကို ပတ်ပြီးတော့ ပြန်လေးတွေ ချမယ်ဆိုတော့ အေးအေးဆေးဆေးပဲပေါ့။ ရပ်သူရွာသားတွေလည်း သွားလို့ရမယ်ပေါ့။ ကျွန်မတို့ရွာကလည်း ရွာအပြင်မှာပဲ လယ်တွေဖြစ်နေတော့ ဒီဆက်သွယ်ရေးကောင်းမယ် ဆိုပြီးတော့ ကျွန်မဘက်ကနေ လုပ်ပေးလိုက်တာ။ သူလာတောင်းဆိုတဲ့အခါ ကျတော့ ကောင်းတယ်ဆိုပြီးတော့ လက်ခံလိုက်တာ။ သူတို့ကလည်း ကောင်းမယ်၊ ကိုယ်လည်းကောင်းမယ်ဆိုတော့ လက်ခံလိုက်တာ။ အခုတော့မှ ထအော်ကြတာ၊ ကျွန်မတောင်းတဲ့ ရေပေါက်ကလည်း တစ်ပေ လောက်ကလေးနဲ့ ရေချခိုင်း တာ။     အခုလို လယ်ရေပေါက်ဖွင့်ခြင်း၊ ပိတ်ခြင်းအပေါ်မှာ တစ်ဖက်နဲ့ တစ်ဖက်ပြဿနာတစ်ခု နှစ်နဲ့ချီပြီးဖြစ်နေတဲ့အပေါ်မှာ ရန်ကုန်တိုင်း သတင်းထောက် အေးမြမြထွန်းက လာရောက်မေးမြန်းစုံးစမ်းခြင်း မရှိပဲနဲ့ တစ်ဖက်စောင်းနင်း ကျွန်မဂုဏ်သိက္ခာကျဆင်းစေအောင် ရေးတဲ့အပေါ်မှာ ကျွန်မဂုဏ်သိက္ခာ ထိပါးတာဖြစ်တဲ့အတွက် ကျွန်မ မခံနိုင်ဘူး။ ကျွန်မတို့ ရေပေါက်တစ်ခု၊ ရေထွက်ပေါက်တစ်ခု တောင်း ဆိုတာ။ သူတို့ရေးတဲ့အထဲမှာက တာလမ်းကို ဖျက်ကာလို့ ရေးတယ်။ အဲဒီ ဖျက်ကာဆိုတဲ့ အဓိပ္ပာယ်က ကြီးကျယ်သွားတဲ့အတွက်၊ ကျွန်မတို့က လယ်လုပ်စားဖို့အတွက် အပေါက်တောင်းတာ၊ အဲဒီတော့ ဒီဖျက်ကာ ဆိုတဲ့ အေးမြမြထွန်းရဲ့စာမူပေါ်မှာ ကျွန်မတို့မကြိုက်ဘူးပေါ့။ နောက် တစ်ခုက ဒီမှာ ဦးညွန့်မောင်ဆိုတာ ဒီချောင်းကနေ ကျသေဖူးပါ တယ်လို့ ပြောတယ်။ အဲဒီကျသေဖူးပါတယ်လို့ပြောတဲ့ လူကို ဖော် ပေးစေချင်တယ်။ ဘာပြုလို့လဲဆိုတော့ အဲဒီ ဦးညွန့်မောင် ဆိုတာက ကျွန်မတို့ရဲ့ ဘကြီးအရင်းကိုး၊ ဘကြီးအရင်းဖြစ်တာမို့၊ အဲဒီကျွန်မတို့ ဘကြီးက စိတ်နောက်နေတယ်၊ စိတ်နောက်နေတော့ ပျောက် ပျောက်သွားတယ်။ သူဘာသာသူ ပြန်လာတက်တယ်။ လှည်း တွေ့ရင် လှည်းစီးသွားတက်တယ်။ သူ့ဘာသာတစ်ယောက်ထဲ သွား  တယ်။ သွားပြီဆိုရင်လည်း လက်ကို ရှေ့ပစ်ပြီးတော့ (ဆိုင်ကယ် စီးသလို) သွားတယ်။ ဒီလိုမျိုးသွားတတ်၊ လာတတ်တဲ့သူ ၄/၅ ရက်ကြာမှ ပြန်လာတတ်တဲ့သူ။ အဲဒီသူက အဲဒီအချိန်တုန်းက ပျောက်သွားတယ်။ နောက် သဲသောင်တစ်နေရာလေးမှာ ရေအနိမ့်ပိုင်းတစ်ခုပေါ့။ အဲဒီနေရာ လေးမှာ အလောင်းတစ်ခု လာကပ်တယ်။ လာကပ်တဲ့အခါ မည်သူမည်ဝါ ရယ်လို့ ဖော်လို့မရဘူး။ ဦးညွှန့်မောင်ပါလို့လည်း ပုဂ္ဂိုလ်စွဲ စွဲပြောလို့မရဘူး။ ဒါပေမဲ့ ကျွန်မယောက်ျားရဲ့ညီ ကိုသန့်စင်က ပက်လက်လှန်ကြည့်ပေမယ့် လည်း ဦးညွှန့်မောင်မှန်း မသိရတော့ဘူး။ နောက်နှစ်ရက်လောက်ကြာမှ လက်မှာဝတ်ထားတဲ့ ဓာတ်လက်စွပ် ကလေးဝတ်ထားတာကို အကြောင်းပြုပြီးတော့ ဦးညွှန့်မောင်ပါလို့ သတ်မှတ်ပြီး မြှုပ်ခဲ့ရတာပါ။     အခု... အေးမြမြထွန်း ရေးထားတဲ့အစောင်ထဲမှာ ဦးညွှန့်မောင်ဆိုတဲ့သူ ကျသေဖူးပါတယ်ဆိုတဲ့ဟာ ဒီရေမြောင်း ပေါက်မှာ ဒီရေထွက်ပေါက်မှကျသေတာပါဆိုတဲ့ သဘောသက် ရောက်တယ်။ အဲဒီ အတွက် ရေးတဲ့လူမှာကော၊ ပြောတဲ့သူမှာကော တာဝန်ရှိတယ်၊ ဘယ်သူမြင်တွေ့တယ်၊ ဘာကြောင့် သေတယ်ဆို တာကို ဖော်ပေးပါ။ ဖော်ထုတ်ပေးရမယ်၊ ဒီမှာပြောတဲ့လူမှာ တာဝန် ရှိတယ်၊ ကျသေပါ တယ်လို့ ပြောတယ်၊ ဘယ်လိုအထောက်အထားနဲ့ ပြော���ိုင်သလဲ ဟုတ်တယ်မဟုတ်လား။ အဲဒါ ကျွန်မတို့ဘကြီးလေ။     ဦးသန်းဌေးကနေပြီး ပိုင်ဆိုင်မှုမပြနိုင်ပဲနဲ့၊ ဒီလယ်နဲ့ ပတ်သက်ပြီး  ကျွန်မလယ် မဟုတ်ပါဘူးလို့ သက်သက်မဲ့ပြောတဲ့ဟာ။ ပုဂ္ဂိုလ်ရေး စော်ကားပြီးတော့ ဂုဏ်သိက္ခာထိပါးတာ၊ ကျွန်မမှာ ပိုင်ဆိုင်ခွင့်တွေ၊ မြေစာရင်းရှိတယ်။ ဒီတာလမ်းကလည်း ကျွန်မရဲ့ မြေထဲမှာရှိပါတယ် လို့ ဆုံးဖြတ်ချက်ချပေးထားတဲ့ စာရွက်စာတမ်းတွေ အပြည့်အ၀ ရှိတယ်။ ဒါတွေကို မသိဘဲနဲ့ သူရေးချင်တာတွေရေးပြီးတော့ ဒီ အေးမြမြထွန်းက ကျွန်မတို့ရဲ့ ဂုဏ်သိက္ခာကို ထိပါးတာ၊ ကျွန်မ မကျေနပ်နိုင်ဘူး။ တရားစွဲမယ်။ အဲဒီအတွက် ရန်ကုန်တိုင်းဂျာနယ်ကို ကျွန်မ မကျေနပ်ဘူးဆိုတော့ ကျွန်မ ယောက်ျား သွားတွေ့တယ်။     (ဒေါ်မြင့်မြင့်ရီယောက်ျားပြော) သူတို့ရဲ့ အယ်ဒီတာလို့ ပြောတယ်။ ကိုဒီမင်းနဲ့ တွေ့ရတယ်။ ကိုဒီမင်းက ဘာပြဿနာရှိလို့လဲလို့ မေးတယ်။ ကျွန်တော်က သူတို့ထုတ်တဲ့စာစောင်ကို ကိုင်သွားတယ်။ ခင်ဗျားတို့ ဒီနေ့ထုတ်တဲ့စာစောင်မှာ ကျွန်တော်တို့ အကြောင်းပါလာတယ်။ ကျွန်တော်တို့ ဒေးဒရဲကလို့ပြောတယ်။ ဘယ်လိုပါလာလို့လဲလို့ မေးတော့ ဒီစာလေးကို ပြလိုက်တယ်။ သူရေးထားတာက ရေတံခါး ပြုလုပ်မှုကို ကျေးရွာပြည်သူငါးရာကျော် စုပေါင်းလက်မှတ်ထိုး တိုင်ကြားမှု ဒေးဒရဲတွင် ဖြစ်ပွားလို့ရေးတယ်။ ရေတံခါးပြုလုပ်မှု မဟုတ်ဘူး။ ကျွန်တော်တို့က ရေပြန်ပေါက်တောင်းတာ။ လယ်လုပ် စားလို့ ရဖို့အတွက် နဂိုတုန်းက ရှိပြီးသားလယ်ရဲ့ ရေထွက်ပေါက်ကို လမ်းပိတ်ဖို့လိုက်တဲ့အတွက် ပြန်တောင်းတာ။ ကျွန်တော့်အစ်ကိုဖြစ်သူ ကိုယ်တိုင် ပိတ်ဆို့လိုက်တဲ့ အတွက် ကျွန်တော့်အစ်ကိုကိုပြန်ပြီးတော့ ဖွင့်ပေးဖို့တောင်းဆိုတာ။ ကျွန်တော့်အစ်ကိုပိတ်ဖို့လုပ်တော့ လယ်ပိုင်ရှင်လည်း ကျေနပ်အောင်လုပ်ဖို့ ဘုန်းကြီးကပြောတယ်။ ကျွန်တော် ခရီးသွားကပြန်လာတော့ ပိတ်တာကို မေးတော့... ကျွန်တော့်အစ်ကိုက မင်းလယ်ထဲကမြေကြီးယူပြီး ဖောက်တာ၊ မင်းတာကွာတဲ့၊ ငါအချိန်မရွေး ပြန်ဖောက်ပေးမယ်လို့ပြောတယ်။ ဒီလိုနဲ့ ရာသီချိန်ရောက်တဲ့အခါကျတော့ အပေါက်ကိုပြန်တောင်းတယ်။ ဒါနဲ့အစ်ကိုမြစံက ပြန်ဖောက်ဖို့ လုပ်တဲ့အခါမှာ သူတို့ကျောင်းက ဦးနန္ဒာသီရိဆိုတဲ့ ဘုန်းကြီးက စကန့်ကွက်တယ်။ ဒီကိစ္စနဲ့ တာကိုလာပြီး ထိဝံ့ထိကြည့်၊ ဓားနဲ့ခုတ်မှာတို့၊ တုတ်နဲ့ရိုက်မှာတို့ဆိုတဲ့ အဆင့်အထိ ဖြစ်လာတယ်။ ဒါနဲ့ကျွန်တော် လယ်ယာစိုက်ပျိုးရေးနဲ့ ပတ်သက်တာ၊ ဆည်မြောင်းနဲ့ ပတ်သက်တာ၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့ မ.ယ.က ဥက္ကဋ္ဌ ဦးမျိုးအောင်ခေတ်ပေါ့။ အခုအထိပေါ့။ အဆင့်ဆင့် တောင်းဆိုလာခဲ့ တာပေါ့။ ကျေးရွာအဆင့်လည်း ဖောက်လုပ်ခွင့်ရခဲ့တယ်။ တိုင်းအဆင့် လည်း ရခဲ့တယ်။ အဲ... တိုင်းအစိုရကလည်း ဆည်မြောင်းဌာနကို တာဝန်ပေး အပ်တယ်။ ဆည်မြောင်းဌာနကလည်း ပထမနှစ်မှာ လုံးဝဆောင်ရွက် ပေးခြင်း မရှိဘူး။ှ.န ဦးတင်ဝင်းဆိုသူကို ကျွန်တော်တို့ မြို့နယ် ဦးခင်အောင်ဝင်း  ဆိုသူက တာဝန်လွှဲပြောင်းပေးတယ်။ အဲဒီနေရာမှာ သူကမလုပ်လည်း  မလုပ်ပေးဘူး။ ကျွန်တော်တို့လည်း အကြောင်း မကြားဘူး။ မြို့နယ်အုပ်ချုပ်ရေးမှူးတွေဆီကိုလည်း မဖောက်ရသေး ဘူးလို့ တင်ပြမှုမရှိဘဲ ခရိုင်ကိုကျော်ပြီးတေှာ့.န ဦးတင်ဝင်းကို သွားခေါ်လာတယ်။ ခေါ်လာပြီး ကျွန်တော့်ကို တာအပေါက်ဖောက်မယ့်နေရာမှာ ခေါ်တွေ့ပြီး တော့ သူ... ဦးတင်ဝင်းလက်ထဲမှာလည်း လုပ်ပိုင် ခွင့်စာရွက်စာတမ်းလည်း ပါမလာဘူး။ မပါဘဲနဲ့ ကျွန်တော့်ကို ဗြောင်ချဲ တယ်။ “ဒီအပေါက်ကို ခင်ဗျားမပေးနိုင်ဘူး။ ခင်ဗျားဒီအပေါက်ပေးရင် ခင်ဗျားပိုင်သွားမယ်။ ခင်ဗျား ဒီလောက်ဖောက်ချင်ရင် ရွာထဲဖောက်ချ ပါလား၊ ကျွန်တော်က ပြောတယ်။ အဘ... ရွာထဲဖောက်ချရင် ရွာပျက် သွားမှာပေါ့လို့။ ခင်ဗျားတို့ ရွာပျက်ပျက်၊ ကျုပ်အကြောင်း မဟုတ်ဘူး။ ကျုပ်လာလာနေတာမဟုတ်ဘူးလို့ ဦးတင်ဝင်း က ဒီလိုပြောတာ၊ မိုက် မိုက်ရိုင်းရိုင်းပြောတာ။ အဲဒီအချိန်မှာ ကျွန်တော်က အဘတို့စဉ်းစားနော်။ ကျွန်တော်ကလယ်လုပ်စားဖို့ ရေပေါက်တောင်း တာပါ။ ခင်ဗျား လယ်လုပ်စားဖို့ ကျွန်တော် မပေးနိုင်ဘူးတဲ့။ မပေးနိုင်ဘူးလို့ နိုင်ငံတော် က ပြောသလား၊ ခင်ဗျားအမိန့်ထုတ်လို့ရသလားလို့ ကျွန်တော်က မေးတယ်။ မဟုတ်ဘူး။ ကျွန်တော်က ပြောတယ်။ ခင်ဗျား အခု ငါးမွေးမလား။ လာ... ကျုပ်နောက်လိုက်ခဲ့။ ငါးမွေးဖို့ လ/င-၃၉ ချပေးလိုက်မယ်တဲ့။ ကျွန်တော်က ငါးမွေးစားမယ့်ကောင်မဟုတ်ဘူး။  လယ်လုပ်ဖို့ ရေပြန်ပေါက် တောင်းနေတာလို့။” အဲဒီမှာ ကျွန်တော်နဲ့ ပဋိပက္ခလေးဖြစ်သွားတယ်။ မပေးနိုင်ဘူးပြောပြီး ဦးတင်ဝင်းက ခါထွက်သွားတယ်။ ဒါသူနှုတ်နဲ့ ကျွန်တော့်ကိုပြောတာ။ အဲဒီလို သူလာပြောတဲ့အချိန်မှာ ကျွန်တော်က   တိုင်း အစိုးရအဖွဲ့ရဲ့ ဖွင့်ခွင့်အမိန့် ရထားပြီးပြီ။ အဲဒီ တိုင်းအစိုးရရဲ့ အမိန့်ကို ရှေးဦးစွာ တိုက်ခိုက်ဖျက်ဆီးလိုက်တာကတော့ တိုငှ်းနဦးတင်ဝင်းပဲ။ သူ့ရဲ့နှုတ်မိန့်ကို ကျောင်းဘုန်းကြီးနဲ့ ဒေသခံလူတချို့ကနေပြီးတော့ တိုင်းဦးတင်ဝင်း လက်မှတ် မပါရင် ဖောက်မပေးဘူးဆိုပြီး ဆည်မြောင်းဌာနကို ထပ်ဟန့်ထား တယ်။ အဲဒီနောက်ပိုင်း ဆောင်ရွက်တာ ယနေ့ထိအောင်မြင်မှုရှိမလာ ဘူး။ မရှိတဲ့အခါ ကျွန်တော်က သမ္မတကြီးဆီ စာတင်ပြတဲ့အခါ လယ်ယာ စိုက်ပျိုးရေးဝန်ကြီးဆီ မိတ္တူပို့တယ်။ အဲဒီအခါ နေပြည်တော်ကနေ အဖွဲ့ တစ်ဖွဲ့လာတယ်။ တိုငှ်းန ဦးတင်ဝင်းဆိုသူလည်း ပြန်ပါလာတယ်။ ခရိုင်မြို့နယ်၊ ဆည်မြောင်းတွေလည်းပါတယ်။ တိုင်းထွာတယ်၊ စစ်ဆေး ကြည့်ရှုတယ်။ နေပြည်တော်အဆင့်ကနေလာပြီး တော့ ကွင်းဆင်းပြီးတော့ သာလုပ်သွားတယ်။ ယနေ့အထိ ဘယ်ဌာန ကိုမှ ဖောက်လုပ်ခွင့်ပေးပါတယ်။ သို့မဟုတ် ပိတ်ပင်ပါတယ်ဆိုတာ မတွေ့ရသေးပါဘူး၊ လက်ရှိ ကျွန်တော့်မှာ တော့ တိုင်းဒေသကြီးအစိုးရ အဖွဲ့ရဲ့ စာအမှတ်တွေနဲ့ လုပ်ခွင့်ပေ���ထားတဲ့စာ  ခုထိရှိပါတယ်။ ကျွန်တော် သွားမေးတော့လည်း ဒါကဘယ်လိုလဲ ပေးမှာလား၊ ရုပ်သိမ်းမှာလားပေါ့။ စာထွက်ထားတဲ့ လိပ်မူက ဆည်မြောင်းဌာနဖြစ်တဲ့ အတွက်ကြောင့် ကျွန်တော်ကိုယ်တိုင်လည်း သွားဖောက်လို့ မရဘူး။ ဌာနကိုပဲ ကျွန်တော်က ဖောက်စေချင်တယ်။ ဌာနကလာပြီး လုပ်ပြန်တော့လည်း လူတစ်စုနဲ့ ဘုန်းကြီးက ကန့်ကွက်တယ်။ အဲဒီတော့ စည်းရုံးတဲ့လူတွေက ဆန်ပေးမှာလိုလို၊ ဆီပေးမှာလိုလို အိမ်ခြေစိုက်တွေသွားပြီး ကန့်ကွက်တဲ့ သူတွေက လက်မှတ်ထိုးတယ်။ ဖခင်ကနေပြီး တော့ ဇနီး၊ သားမယားအထိ အကုန်လုံး။ အသက်အရွယ်ပိုင်းအရ လက်မှတ်ထိုးဖို့ဆိုတာ မဲပေးတာ တောင်မှ အသက်အရွယ်အပိုင်းအခြား ရှိရတာကို အခု ဒီမှာ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ပုခက်တွင်း နို့စို့အရွယ်တွေကစပြီး (ဦး)တွေ (ဒေါ်)တွေ တတ်ပြီး လူပေါင်း (၅၀၀) ကျော်ဆိုတဲ့ မဟုတ်မဟတ်ဟာကြီးကို ဦးအောင် မင်းဆီတို့ အမျိုးသား လွှတ်တော် ဦးသိန်းဆွေဆီတို့ပြီး စာရွက်စာတမ်းတွေ ပို့တယ်။ ဒါကို အခု ဒီရန်ကုန်တိုင်းစာစောင် အေးမြမြထွန်းကနေပြီးတော့ ဒီလိုတိုင်ပါတယ်ဆိုပြီးတော့ ကျွန်တော်တို့ကို စော်ကားပြီးတော့ ရေးလိုက် တာ တွေ့ရ တယ်။     အဲဒီမှာ နှစ်ပေါင်း (၃၀) ကျော် တာလမ်းမကြီးကို ဖျက်ကာ ဆိုပြီးတော့ ရေးတယ်။ ဖျက်ကာဆိုတာ့ ကျွန်တော်ကပဲ ဒေသခံတွေရဲ့ အကျိုးစီးပွားကို ပျက်အောင်လုပ်တဲ့ ပုံစံမျိုး ဖော်ကျူးပြီးတော့ ရေးထားတယ်။ ဒီလို သက်ရောက်အောင်ကို ရေးထားတယ်။ မိမိဆန္ဒက တစ်ပေပြန်ပေါက် ကလေး ရေထွက်ပေါက်ကလေးလိုချင်တာ၊ ရေးထား တာက “ရေတံခါး” ရေးတံခါးဆိုတာ တကယ်ကျကျနန လုံခြုံ စိတ်ချရတဲ့ ရေတံခါးမျိုးတစ်ခုပေါ့။ သွားလာနေတဲ့ နေရာတွေမှာ တချို့မှာ ရေတံခါးဆိုတာတွေ ရှိပါတယ်။ ဒါလည်းပဲတစ်ဖက်၊ ရေသွင်းတစ်ဖက် ရေထုတ်ဆိုတာမျိုး ကျွန်တော်တို့ သွားလာရင်းမျက်ဝါးထင်ထင်တွေ့မြင်နေရတာပါ။ ဒီလိုမျိုး ကျွန်တော့်နေရာ သုံးထောင့်ချိုးကြီး ပိတ်နေတာဆိုရင် ကျွန်တော်က ဘယ်တော့ လယ် လုပ်စားရတော့မှာလဲ။ ဒါမှမဟုတ် နိုင်ငံတော်က ကျွန်တော် လုပ်ပိုင်ခွင့်မရှိဘူးဆိုရင် သိမ်းလိုက်။ ကျွန်တော့်လယ်က ဟိုးတုန်းက တည်းကတည်ရှိခဲ့တဲ့ အစိုးရ တာလမ်းကြီးအတွင်းမှာ တည်ရှိနေတာ။ အစိုးရက ရေတက် ရေကျကိုကြည့်ပြီး ပန်းတာတစ်ခု ဆွဲတယ်။ အဲဒီတော့ အဲဒီပန်းတာနဲ့ ယခင်ကတာဟောင်း နှစ်ခုကြားမှာ ကျွန်တော့်လယ်က ရှိတယ်။ အဲဒီ တိုင်းဒေသကြီးကလာတဲ့ ဆည်မြောင်းဌာနရဲ့ အကြီးဆုံးပုဂ္ဂိုလ် ဦးတင်ဝင်းက နှစ်မိုင်လောက်ကွာတဲ့။ ပထ၀ီသဘောအရဆိုရင် အနိမ့်နဲ့ အမြင့် သူရေချခိုင်းတဲ့ဘက်က တောင်ဘက်သည်အမြင့်၊ ကျွန်တော့်လယ် သည် အနိမ့်၊ ဟိုမှာရှိနေတဲ့ ရေတောင်မှ ကျွန်တော့်လယ်ထဲ လာစိုက်တယ်။ ဒါကို သူပညာရှင်တစ်ယောက်အနေနဲ့ မသုံးသပ်၊ မဆင်ခြင်ပဲနဲ့ မြောင်း တူးချပါဆိုပြီး နှုတ်မိန့်ပေးခဲ့တယ်။ အဲဒီနှုတ်မိန့်ကို သူတို့ဌာနတွေက  အတည်ပြုတယ်။ ကျွန်တော့်ဆီချပေးတဲ့ အစိုးရဌာနတွေက စာတွေကို အတည်မပြုဘူးလား။ ကျွန်တော်မေးချင်တာက အဲဒါတစ်ခုကိုလည်း နိုင်ငံတော်အကြီးအကဲတွေကနေ အဖြေထုတ်ပေးပါ။     ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က လက်ရှိလုပ်စား၊ နေရတာ က ရေသည်မြင့်ရာမှ နိမ့်ရာသို့ စီးဆင်းသည်ဆိုတဲ့အသိနဲ့လုပ်စား နေကြရတာ၊ လယ်ချင်းဆက်ပြီး ရေချပြီး အဖိုးအဖွားလက်ထက်ကတည်းက ဒီလို လုပ်စားခဲ့ကြတာ။ အခုကျမှ သူပညာရှင်တစ်ယောက်ကလာပြီး ကွင်းဆင်း စစ်ဆေးကာမှ ဒါက သူ့ကို ဘယ်သူက ဒီလို ခိုင်းတယ်ဆိုတာ ကျွန်တော်တို့ မသိရဘူး။ လက်ရှိ ကျွန်တော့်လက်ထဲ အမိန့်စာရပြီးမှ ကျွန်တော့် အမြင်အရတော့ ဒါလူပုဂ္ဂိုလ်ကို သောက်မြစ်ကပ်မှုသက်သက်ပဲလို့ ကျွန်တော် မြင်တယ်။ စောစောက- ဦးခင်အောင်ဝင်းဆိုတဲ့ ပုဂ္ဂိုလ်က စစ်ဆေး တွေ့ရှိချက်တွေကို မ.ယ.က တင်ပြပြီး၊ ဖောက်လုပ်ခွင့်ပြုပါသည်ဆိုပြီး သူကိုယ်တိုင် လက်မှတ်ထိုးထားတာ။ ထိုပုဂ္ဂိုလ်ကပှဲန ဦးတင်ဝင်းကို ခေါ် လာတယ်။ ဦးတင်ဝင်းက ကျွန်တော့်ကို ရေပေါက်မပေးဘူး။ အဲဒီ နှုတ်မိန့်ကို အတည်ပြုတယ်။ တရားဝင် စာထွက်ထားတဲ့ အစိုးရအဖွဲ့ရဲ့ အမိန့်ကျတော့ အတည် မပြုဘူးဆိုတာကို နိုင်ငံတော်အစိုးရမင်းများထံ ကွဲကွဲပြားပြား သိအောင် ပြောချင်တယ်။ အခုလို ကျွန်တော်တို့ကို စာစောင်ထဲထည့်ပြီး တော့ လူ့သိက္ခာလည်း ကျဆင်းတယ်။ နိုင်ငံတော်နဲ့ ကြည့်မယ်ဆိုရင်လည်း ဘာမဟုတ်တဲ့ မပြောပလောက်တဲ့ ရေပေါက်တစ်ခုကနေပြီးတော့ ရေတံခါးပြုလုပ်တယ်ဆိုပြီး တိုင်းသိပြည်သိသူတို့က ကြေငြာတယ်။ လူမှုရေးရှုထောင့်ဘက်ကကြည့်ရင်လည်း အင်မတန်မှ သိက္ခာကျဆင်း တယ်။ လုပ်ငန်းခွင်နဲ့ကြည့်ပြန်ရင်လည်း ကျွန်တော်တို့မှာ နစ်နာနေတာ (၄)နှစ်ရှိနေပြီ။ (အဲဒီ ၄ နှစ်ကာလ ကျွန်တော် ဘယ်လောက်ဆုံးရှုံး သွားပြီလဲဆိုတာကိုလည်း အကြီးအကဲတွေ သိစေချင်တာပေါ့။ ကျေးရွာ ချင်းဆက်ပြီး အန္တရာယ်ပြုနိုင်တယ်လို့လည်း စာစောင်မှာတွေ့ရတယ်။ အဲဒီတော့ ဒေသခံအခြေစိုက်ကို ကွင်းဆင်းစစ်ဆေးပြီးတော့ အကယ်၍ များ ဒီအပေါက်တစ်ပေါက်ရှိတဲ့ ကျွန်တော်ရဲ့ လယ်လေး ၄ ဧကကျော် ကနေ ကျေးရွာကို အန္တရာယ်ပြုနိုင်တယ်ဆိုရင် စပြီး ရေပေါက်ပြုလုပ် တဲ့နေ့ကနေ ကျွန်တော့်ကို ခံဝန်ဂရမ်ချုပ်လိုက်ပါ။ အမှန်အန္တရာယ် ဖြစ်တယ်ဆိုရင် ကျွန်တော် ချက်ချင်းပိတ်ပင်ပေးမယ်။ ကျွန်တော် လယ်လုပ်မစားရရင် နေပါစေ။ ဒါမှ အန္တရာယ်မဖြစ်နိုင်ပါဘူးဆိုရင် အဲဒီလိမ်လည်ပြီး အမှုတင် တဲ့သူတွေ၊ ရေးတဲ့သူတွေကို ဘယ်လိုဥပဒေအရ အရေးယူဆောင်ရွက် ပေးမှာလဲ။ ကျွန်တော့်မှာ ဆုံးရှုံးနစ်နာမှုတွေများခဲ့တာကို ထိထိရောက်ရောက် အရေးယူစေချင်တယ်။ အခု မဟုတ်တာလုပ်ထားတဲ့ လူပေါင်း (၅၀၀) ကျော်ဆိုတာကြီးကိုလည်း ကွင်းဆင်းစစ်ဆေးပြီးတော့ အဖေ၊ အမေ၊ လက်မှတ်၊ မှတ်ပုံတင်စတာတွေဟာ မှန်လား၊ မှားလားဆိုတာ လုပ်ပေးပါ။ ဒီလိုမှ မလုပ်ပေးရင် ကျွန်တော်တို့ရွာမှာ လူမှုရေး ပဋိပက္ခတွေများလာပြီး တော့ ကျေးရွာနှစ်ခြမ်းကွဲတော့မယ့် အခြေအနေမျိုးကို အနီးကပ်ဆုံး ရောက်လာနေပါပြီ။ စိုးရိမ်စရာ ခိုက်ရန်ဒေါသဖြစ်စရာတွေ ပေါ်ပေါက်လာ နေပြီမို့ အဲဒါကို အမြန်ဆုံးဖော်ထုတ် အရေးယူပေးပါလို့ ကျွန်တော်ကတော့ တောင်းဆိုပါတယ်။     ဒီကိစ္စနဲ့ ရန်ကုန်တိုင်းဂျာနယ်သွားတော့ ကိုဒီမင်းက “ရေတံခါး ပြုလုပ်မှုကို ကျေးရွာပြည်သူ (၅၀၀) ကျော်စုပေါင်းလက်မှတ်ရေးထိုး တိုင်ကြား၊ ဒေးဒရဲတွင်ဖြစ်ပွား”ဆိုတာ မှားယွင်းလို့ ပြန်ရေးပေးပါ ဆိုတော့ ဒီလိုတော့ ပြန်ရေးပေးလို့ မရဘူးတဲ့။ ကျွန်တော့်သတင်းထောက်ကထည့် လိုက်တဲ့အတွက် သီတင်းထောက်ကို မေးပါဦးမယ် ဆိုပြီး အေးမြမြထွန်းကို ခေါ်လိုက်တယ်။ ရောက်လာတဲ့အခါ ညည်း ဒီစာကို ဘယ်လိုကြောင့် ထည့်သလဲလို့ မေးတဲ့အခါ သူက ဦးသိန်းဆွေတို့၊ ဦးအောင်မင်းတို့ဆီကို တင်ထားတဲ့စာကိုပြပြီး ဒီစာအရထည့်ပါတယ်လို့ ပြောတယ်။ ဟုတ်ပြီ။ ဒီစာထည့်ရအောင် သူတို့ဖက်က မှန်ကန်တဲ့ အထောက်အထားတွေ၊ ပိုင်ဆိုင်မှုတွေ သို့တည်းမဟုတ်ရင် ဒီရေပြန်ပေါက်ကို မလုပ်ပါနဲ့လို့ ကန့်ကွက်ထားတဲ့စာ ညည်းလက်ဝယ် ကို ရရှိလို့ ဒီသတင်းထည့်တာလားလို့ မေးပါတယ်။ မရပါဘူးတဲ့။ ဒါဆို ဘာလို့ထည့်တာလဲဆိုတော့ လွှတ်တော် ကိုယ်စားလှယ်တွေဆီ သမ္မတကြီးဆီတင်တဲ့စာမို့လို့ ရေးထည့်တာလို့ ၀န်ခံလိုက်တယ်။ အယ် ဒီတာဖြစ်တဲ့ ကိုဒီမင်းကို ကျွန်တော်က မကျေနပ်ဘူး တရားစွဲမယ်လို့ ပြောတယ်။ တရားတော့ မစွဲပါနဲ့ ဒီစာအရ လာမယ့် အင်္ဂါကို စောင့်ကြည့်ပါ။ ကျွန်တော် ပြန်ဖြည်ပေးပါ့မယ်လို့ ပြောတယ်။ အခု စောင့် ကြည့်လိုက်တော့ အဖြေမှာက ကျွန်တော်တို့ကပဲ နှစ်ပေါင်း (၃၀)ကျော် တာလမ်းကြီးကို ဖျက်ကာဆိုပြီးတော့ နစ်နစ်ခါခါ လူ့သိက္ခာကျအောင် ထပ်ရေးတယ်။ တစ်ဖက်စောင်းနင်းရေးတာကို ဖြည်တာမပါလာဘူး။ တိုင်းသိပြည်သိဖြစ်သွားပြီးဖြစ်တဲ့အတွက် ကျွန်တော်လုံးဝ လက် မခံနိုင်ဘူး။ တရားဥပဒေလမ်းကြောင်းပဲ ကျွန်တော်ဆက်လျှောက်မယ်။ မှားယွင်း ကြောင်းလည်း ၀န်မခံဘူး။ ကျွန်တော်တို့ကိုလည်း ငဲ့ညှာရေးထားတာ မရှိဘူး။ ဒီစာစောင်ကို မကျေနပ်ဘူး။ တရားဥပဒေအနဲ့အညီ လျှောက်ကြဖို့ပဲ ရှိပါ တော့တယ်။     အေးမြမြထွန်းတို့၊ ကိုဒီမင်းတို့ ဘယ်လိုပဲရေးရေး၊ ကျွန်တော် လက်ရှိ အထောက်အထားက ကျွန်တော့်လယ်ဖြစ်ကြောင်းစာ၊ ဆည် မြောင်းဌာနက သူလုပ်ပေးရမယ့်တာဝန်တွေရှိကြောင်း ရွာလူအင်အားနဲ့ လုပ်ထားတဲ့ဟာ မဟုတ်ဘူး။ စက်နဲ့ဖို့ထားတဲ့တာလမ်းဖြစ်ကြောင်း၊ သူတို့ကိုယ်တိုင် လာလုပ် ပေးထားတာဖြစ်ကြောင်း အပြည့်အစုံရှိသလို သာသနာရေးဦးစီးဌာန ကလည်း ဒီမြေဟာ သာသနာ့မြေမဟုတ်၊ ဘုန်းကြီးတွေနဲ့လည်း မပတ် သက်ဘူး။ ကျောင်းနဲ့လည်း ဝေးကွာတယ်။ လက်ရှိ ရှိနေတဲ့ကျောင်းသည် ပင်လျှင် သာသနာ့မြေ မဟုတ်ဘူး။ အဲဒီ အတွက် ဘုန်းကြီးကျောင်းနဲ့ လုံးဝ၊ လုံးဝမပတ်သက်ပါ။ မြေစာရင်းဌာနကလည်း သာသနာရေးကို ကျောင်းပိုင်မဟုတ်ကြောင်းစာထွက်ထားတယ်။ ဒါကို ဘုန်းကြီးနဲ့လူတစ်စုက ဆိုင်းဘုတ်ကြီး လာထူထားပါတယ်။ ကျွန်တော့်ရဲ့ ဟိုဘက်သည်ဘက် လယ်တာမှာ။ (ကျွန်တော့ပိုင်ဆိုင်မှု အတွင်းမှာ) ဒါနဲ့ ကျွန်တော် သံဃာ့နာယကအဖွဲ့ကို အကြောင်းကြားတယ်။ သာသနာရေးဌာနမှာ စစ်ဆေးတယ်။ ကျောင်းထိုင်ဘုန်းကြီးကိုယ်တိုင် ဒီဆိုင်းဘုတ်ကို ဖယ်ရှားပေးပါ့မယ်လို့ ၀န်ခံလက်မှတ်ရေးထိုးသွားတယ်။ အဲဒီဝန်ခံကတိ ကိုလည်း သူတို့မလိုက်နာဘူး၊ သူတို့ မှာ အဲဒီစာလည်း လက်မှာရှိတယ်။ ကျွန်တော့်အမျိုးသမီးကလည်း  ဒီတာပေါ်မှာ ရဟန်းရှင်လူ ထွေလာစက် တတ်ယာဉ်တွေကစ သွားလာနိုင်အောင် ခွင့်ပြုပါတယ်လို့ လက်မှတ်ထိုး ပေးခဲ့တယ်။ ယခုအချိန်အထိ စည်းကမ်းဖောက်ဖျက်၊ အာဏာဖီဆန်မှုတွေ ကို လုပ်နေတာတော့ ဆိုင်း ဘုတ်ဖယ်မပေးသေးတာပဲ။ သာသနာ့မြေမဟုတ်၊ ပုဂ္ဂလိကလယ်မြေ ဖြစ်နေတာမို့ ဒီဆိုင်းဘုတ်ကိုလည်း သက်ဆိုင်ရာက ဖယ်ရှားပေးပါ။ ဒီဆိုင်းဘုတ်ကြောင့် နောင်ရေးမကောင်းပါဘူး။ ဒီဆိုင်းဘုတ် ကြောင့် ဒါဟာ သာသနာ့မြေလို့ သတ်မှတ်လာကြပါလိမ့်မယ်။ နောက်ဆုံး ကျွန်တော့်လယ်မြေကိုပါ ကျောင်းမြေအဖြစ်သိမ်းဖို့ လုပ်လာပါလိမ့်မယ်။ အဲဒါကို နိုင်ငံတော်သမ္မတကြီးဆီအထိ သတင်းပို့ရင်လည်း ပို့ရပါလိမ့်မယ်။ “ရေထွက်ပေါက်ပိတ်သူ ဦးမြစံ၏ပြောပြချက်”     ၂၀၀၉၊ နှစ်လပိုင်းကျော်ကျော်လောက် ဖြစ်မယ်။ ကျွန်တော်တို့က ဒီဘက်ထိပ်က နေပြီး တာကို ဖို့ဖို့လာကြတော့ ဆည်မြောင်း စက်ကြီးတွေနဲ့ ဒီတာကလေးကလည်း အရင်က လယ်ကန်သင်းဆိုတော့ နိမ့်တာ ပေါ့။ အပေါက်ကလည်း ရေက ကျော်ကျော် ၀င်လာတော့ (သူတို့ ပြောတဲ့ ရေက အဲဒီရေ) အဲဒီတော့ ရေတာတစ်ခုလုံးကို မခြုံနိုင် အောင် ဆိုပြီးတော့ ဆည်မြောင်း ဗန ဦးသန်းစိုးနဲ့ညှိပြီး ဦးအေးဟန်နဲ့ကျမှ စက်ကို ယူလို့ရတယ်။ သူတို့ကလည်း တစ်ကယ်ကူညီတာပါ။ ကျွန်တော် ကလည်း ဒီလမ်း ကလေးကို ပြင်ချင်လို့ ဒီကညီမဆီလာတယ်။ လာပြီးတော့ အကူအညီတောင်းတယ်။ မြေကြီးတူးတဲ့အခါကျ တော့လည်း မြေကြီးက တော်တော်နက်တယ်။ ညီမက အစ်ကို အဲဒီလောက်ကြီး ဖြစ်ပါ့မလားပေါ့။ ဟာ... ညီမလမ်းပြင်တာပဲ။ လမ်းအတွက် တစ်သက် လုံးရမယ့် ကုသိုလ်ပါလို့ အဲဒီလိုပြောပြီး ဒီလမ်း ပြင်ဖို့အတွက် သူ့ဆီကတောင် ငွေငါးသောင်း အလှူခံလိုက်သေးတယ်။ အလှူခံ ပြီးတော့ အဲဒီလမ်းကို ဖို့တယ်။ ဖို့ပြီးလို့ နောက်ဆုံးရေပေါက် ပိတ်တဲ့အချိန်မှာ ဘယ်သူမှ မရှိပါဘူး။ ကျွန်တော်နဲ့ စက်သမားပဲ ရှိပါတယ်။ ည (၁၂) နာရီထိုးပြီးပါပြီ။ နဂိုရှိပြီး ရေပေါက်အုတ်ပြန် ကို ကျွန်တော် ဖြိုချပစ်လိုက်တာ (သူဖြိုချသောအုတ်ခုံကိုလည်း ပြ ပါသည်)     လဲနေ ယိုင်နေလို့ ကျွန်တော်ကော်ထုတ်ပစ်လိုက်တာပါ။ စက် သမားနဲ့ မနက်ကြတော့ ညီရောက်လာတယ်။ ဟာ... အစ်ကို အပေါက် ကြီး ပိတ်လိုက်တာလားတဲ့။ ကိုယ့်ဘုန်းကြီးနဲ့ကိုယ်ပဲကွာလို့၊ ကျောင်း ကလည်း အရင်ကိုယ်တင်ပြတာကို လက်သင့်ခံနေတာကိုး၊ အဲဒီအချိန် က ပြောမယ်ဆိုရင် အခုလို လမ်းဖို့တဲ့အချိန်က ခန်းနေကျောင်းထိုင် ပေါ့။ (ကျောင်းထိုင်ဘုန်းကြီး အညာပြန်နေလို့) လုပ်လုပ် ဒကာကြီး ကောင်းရင်ပြီးရောဆိုတဲ့ ကိုယ်တော်ကိုး။ ဒီတော့ ကျွန်တော့်ညီကို ပိတ်လိုက်တယ်ကွာ။ ပြီးရင် ဘယ်နှစ်ပေါက်ဖောက်ဖောက် ပြန်ဖောက် လို့ရတာပဲဟာ ကိုယ့်ဘုန်းကြီးနဲ့ကိုယ်ပဲလို့ ပြောလိုက်တယ်။     သူတို့က ပြန်လေးနဲ့ရေပေါက်ပြန်လုပ်မယ်ပြောတော့ ကျွန်တော် က လမ်းလည်းအလှူခံထားသေးတယ်။ မြေကြီးတွေလည်း အကြိုက် ယူပြီး ဖို့ထားတယ်။ လမ်းကိုလည်း အစိုးရတာထက် ကောင်းအောင် ဆိုပြီး ဟဲဗီးလုပ်ထားတာ။ ကျွန်တော်လုပ်တဲ့တာက အစိုးရတာထက် မြင့်တယ်။ ကျွန်တော်က ဒီလိုလုပ်တာ တစ်ဖက်က ရေရဲ့တွန်းအား ကိုယ်ခံနိုင်မယ်၊ လယ်လုပ်စားတဲ့သူကလည်း အပေါက်ပေးရင် လုပ် စားလို့ရမယ်ဆိုပြီး မင်းကွာ နှစ်ပေါက်ဖောက်ဖောက်၊ သုံးပေါက်ဖောက် ဖောက်။ ရေတိမ်တဲ့နေရာကနေ တစ်ပေါက်ဖောက်ရင် ရေစီးသက်သာ မယ်။ ဒီဘက်ကလည်းတစ်ပေါက်၊ နှစ်ပေါက်ဖောက်မယ်ဆိုပြီး တိုင်ပင် လိုက်တယ်။ ဒီအချိန်မှာ အညာမှာကျောင်းထိုင်ဆရာတော်က မိသားစု ပြဿနာတက်နေလို့ သူသွားမှဖြစ်မယ်ဆိုပြီး ခန်းနေကိုယ်တော်က ကြသွားတယ်။ ဒီတာလုပ်တဲ့အချိန်မှာ ကျောင်းထိုင်ဆရာတော်က မရှိ ဘူး။ ခန်းနေ ဆရာတော်ကမသွားခင် ပြောသွားသေးတယ်။ အုတ်ပြန် ခိုင်အောင်၊ ကောင်းအောင် တောင်ဒဂုံက အုတ်ကိုမှာပြီးတော့ လုပ် မယ်ဆိုပြီး စီစဉ်ခဲ့သေးတာ။ ဒီမောင်ဟန် (ပိုင်ရှင်)တို့က သူတို့ဘာသာ အကုန်ခံပြီးတော့ လုပ်မယ်ပြောပေမယ့် မင်းတို့က အကုန်အကျတွေ ခံထားရတာ။ မြေကြီးလည်းပေးထားရတာ လုပ်မနေနဲ့။ ကျွန်တော်နဲ့ ဦးဇင်းကလည်း အကြိုက်လုပ်မယ်ပြောထားတော့ သူတို့က တစ်ပေါက် ပဲ ဖောက်မှာ။ ကျွန်တော်နဲ့ဦးဇင်းနဲ့က သုံးပေါက်တောင် ဖောက်မှာကိုး။ မလိုချင် ပိတ်ထားလို့လည်းရအောင်ပေါ့။ ဒီလိုနဲ့ မိုးတွင်းလည်း ကျရော ခန်းနေဦးဇင်းပြန်ရောက်တယ်။ ပြန်လာကတည်းက ကျန်းမာရေးက လုံးဝမကောင်းတော့ဘူး။ ကင်ဆာရောဂါဖြစ်တယ်။ ရန်ကုန် သွားလိုက်၊ ကျောင်းပြန်လာလိုက်နဲ့ အဲဒီအပေါက်က မဖောက်ဖြစ်တော့ဘူး။ အဲဒီမိုးတွင်း သူတို့လယ်စလုပ်လို့ မရတော့တာ။ ခန်းနေဘုန်းကြီးက ပျံတော်မူရော၊ ဒီတာပေါ်ကနေ ဘုန်းကြီးပျံရထားဆွဲ ဘာဆွဲဆိုတော့ ယာသီကပြီးသလောက်ဖြစ်သွားပြီ။ မဖောက်ဖြစ်တော့ဘူး။ လာမယ့်နှစ်ဖောက်မယ်ဆိုတော့ အဲဒီနှစ်ကစပြီး စကားကများ  များလာ ကြတာ အခုထိပဲဆိုပါတော့။ အခုထိဖောက်လို့မရတော့တာ။     ဒီလမ်းကို စက်ကြီးတွေနဲ့ လုပ်တာကလည်း တိုင်းကဗိုလ်ချုပ် ကိုကိုတို့ အဖွဲ့ လူကြီးတွေလာမယ်ဆိုတော့ ဒီအိမ်မှာပဲကျွေး၊ ဒီမှာပဲတည်းဆိုပြီး သူတို့ကိုပဲ အကူအညီတောင်းပြီး ဧည့်ခံပြုစုလိုက်တယ်။ လူကြီးတွေက လည်း သူတို့စက်သမားတွေကို စောင့်ရှောက်ကျွေးမွေးပါ။ စက်သမားတွေ ကလည်း လိုတာအကုန်လုပ်ပေးပါဆိုပြီး ကျွန်တော် တို့က ဆီဖိုးစုခံပြီးတော့ လုပ်လိုက်ကြတယ်။ မမြင့်မြင့်ရီက (၅၀၀၀၀ိ/) ပါတယ်ပေါ့။ တာက (၂) သိန်းလေးသောင်းကျတယ်။ ကျွန်တော်တို့ စက်ကြီးတွေရောက်တုန်း ကန်လည်းတူးမယ်ဆိုပြီး သောက်ရေကန် လည်း တူးကြတယ်ပေါ့။     အခုရှိနေတဲ့ ဘုန်းကြီးက ဘယ်လိုဖြစ်လဲဆိုတော့ တာပေါ်ကို ဘယ်သူ မှ တက်လာတာမမြင်ချင်ဘူး။ ဘယ်သူမှ မလာရဘူး။ လာရင် ဓားနဲ့ခုတ်မယ်၊ တုတ်��ဲ့ရိုက်မယ်ပေါ့။ စိန်ခေါ်တဲ့သဘောပေါ့။ အဲဒီမှာ ဇာတ်လမ်းက စတော့တာပဲ။ ဒီကျောင်းက ဂေါပကအဖွဲ့နာမည် လျှောက်တာတောင် ကျွန်တော့်နာမည်နဲ့ လျှောက်ခဲ့တာပါ။ တရားဝင်ပါ။ အဲဒီအချိန်တည်းက ဒီကျောင်းက သာသနာ့မြေ မရှိ��ါဘူး။ လယ်သမားဆီက မြေတောင်းပြီး ဆောက်ထားတာပါ။ ဟိုတုန်းကတော့ ကျောင်းသွားတဲ့လမ်းဆိုပြီး ကုသိုလ်ရဖို့ လုပ်ခဲ့ကြတာပါ။ ဦးထွန်းရှင်တို့၊ ဦးသောင်းတို့က သူတို့လယ်ကို လှူတယ်လို့ အခု စကားထွက်လာတယ်။ ကျွန်တော်သိတာကတော့ ဦးထွန်းရှင်ရဲ့ လယ်ကတော့ အပြင်ဘက်မှာပဲရှိတာပါ။ အကြောင်းဖြစ်လာ တော့ သေသွားတဲ့ လူတွေရဲ့ နာမည်တွေ ထည့်ပြောလာ တယ်။ ခိုင်ခိုင်လုံလုံ လက်မှတ် ထိုးပြီး လှူထားတာဆိုတာ မရှိပါဘူး။ အခင်းဖြစ်နေသော ကျောင်းစတင်တည်ထောင်သည်မှ ဘုရားတည်ပြီးအထိ တာဝန်ယူခဲ့သော ဂေါပကလူကြီး ဦးတင်အေး၏ ပြောပြချက်     မောင်မြစံတို့တာရဲ့ စေတနာ အရင်းခံပြီး ငွေကြေးအကုန်အကျ ခံပြီးမှ ဖြစ်ပေါ်လာရတဲ့ အကြောင်း မှာ ဒီဘုန်းကြီးကျောင်း (မင်္ဂလာ သိမ်ကျောင်း) မှာ ဟိုတုန်းကတည်း က အသက်ကြီ တဲ့လူတွေ ဥက္ကဋ္ဌ ဖြစ်ခဲ့ရင် ကျွန်တော်က အတွင်းရေး မှူးဘ၀နဲ့ သာသနာ၊ ဘာသာရေး ကိစ္စတွေ အ၀၀တွေကို ဆောင်ရွက် ခဲ့ပါတယ်။ လူကြီးတွေနား သွားတော့  ကျွန်တော် ဥက္ကဋ္ဌဖြစ်တယ်၊ ကုဠီကနေ ဘုရားတစ်ဆူဖြစ်တဲ့အထိ ကျွန်တော်ပဲ ဒီကျောင်းမှာ ဆောင်ရွက်ခဲ့တာပါ။     စောစောက ကိုမြစံပြောတဲ့ ပျံတော်မူသွားတဲ့ ကျောင်းထိုင်လည်း ဟုတ်၊ ခန်းနေလည်းဟုတ်တဲ့ ဦးရေ၀တက ကျွန်တော်ရဟန်းခံထားတဲ့ ကျွန်တော့်ရဟန်းပါ။ အခုလက်ရှိ ရှိနေတဲ့ ဆရာတော်ကအကြီး၊ ကျွန်တော့် ရဟန်းကအငယ်၊ သူတို့ဇာတိက ဖူလုံကြီးရွာကပါ။ ကျွန်တော်တို့ရဲ့ ပထမမူလဆရာတော်ဘုရားကြီးက အဲဒီဖူလုံရွာဇာတိ ဖြစ်တာမို့ ဆက်နွယ်ရောက်ရှိလာကြတယ် ဆိုပါတော့။ ဆရာတော် ဦးရေ၀တ ပျံတော်မူတော့ အခုရှိနေတဲ့ ဆရာတော်ကဆက်ပြီး စောင့် ရှောက်တယ်ပေါ့။ ကျွန်တော်ဆိုရင် နာရေးသာရေးမှအစ နှစ်ပေါင်း (၃၀) ကျော်ပြီ ပရလုပ်ငန်း လုပ်လာတာပါ။     အခုဘယ်လိုဖြစ်သလဲဆိုတော့ ဒီတာကို ဘာကြောင့် အကုန်အကျ ခံပြီး လုပ်ခဲ့သလဲဆိုတော့ ဒီတာဟာ သာသနာဘာသာအတွက်လည်း အကျိုးရှိတယ်။ ရွာကိုလည်း အကျိုးဖြစ်တယ်ဆိုပြီး ငွေကြေးတတ်နိုင် သူတွေ၊ စေတနာပါတဲ့သူတွေက ရတဲ့အချိန်လေး၊ ရတဲ့အခွင့်အရေးလေး အပေါ်မှာ တည်ဆောက်ခဲ့ကြတာ။ နဂိုက လယ်မြေအတွက် ရေသွင်းဖို့ ထုတ်ဖို့ အပေါက်က ဟိုးတုန်းကတည်းကရှိပြီးသား၊ နောက်တစ်ခါ  သွားလို့လာလို့ လွတ်အောင်ဆိုပြီးတော့ မျက်နှာဝ (၃) ပေလောက်ရှိတဲ့  တာလတ်ပေါ့လေ တည်ဆောက်တယ်။ အဲဒီလိုနေကြရာကနေ ကျွန်တော်တို့ရဲ့ သုသာန်ဇရပ်ရှိတဲ့နေရာက မြေနိမ့်ပိုင်း၊ မြေနိမ့်ပိုင်း ဖြစ်တဲ့အတွက် ပင်လယ်ရေတက်လာခဲ့အခါ အဲဒီနေရာကို ရေ၀င်လာ တတ်တယ်။ အဲဒီရေက ဒီမှာအပေါက်ရှိတဲ့အခါကျတော့ ရေကနောက် ကနေပတ်ပြီး ရွာနောက်ဖေးထိအောင် ၀င်လာတတ်တယ်။ အိမ်အဆင့် မြုတ်တဲ့အထိ ၀င်တယ်။ ဒါ... ဟိုတုန်းကနော် ဟိုတုန်းက။ အဲဒီလို ၀င်လာတတ်လို့ ကောင်းကျိုးတစ်ခုကိုရှာတဲ့အနေနဲ့ ကိုမောင်ဟန်+ မမြင့်ရီတို့ဆီကနေ ကိုမြစံက လယ်မြေအလှူခံတာ၊ ဒီတာဖြစ်ဖို့အတွက် အဲဒီအချိန်မှာ မောင်ဟန်မရှိဘူး။ ခရီးထွက်နေတယ်။ သူ့မိန်းမ မမြင့်ရီ ကလည်း ကုသိုလ်ဖြစ်တယ်ဆိုပြီးတော့ ငွေလည်း ငါးသောင်းထည့် တယ်။ သူ့လယ်မြေသားလည်း လှူတယ်။ ဒီတာရဖို့အတွက် မြေကို မျက်နှာဝ (၁၀) ပေ၊ စောက်အနက် (၈) ပေလောက်အကျယ်ကြီး တူးရတယ်။ တာဘေးကပ်ပြီး တန်းတူးခဲ့ကြတယ်။ အဲဒီတာကောင်း သွားတယ်။     အဲဒီတာကောင်းသွားတဲ့နှစ်ပဲ ရပ်ရေးရွာရေးအတွက် ကျွန်တော် တို့နဲ့ တိုင်ပင်ဆောင်ရွက်တဲ့ ဦးရေ၀တဆိုတာကလည်း ပျံတော်မူသွား ပြန်တယ်။ အရပ်ကောင်းကျိုးအတွက် ဒီဆရာတော်နဲ့ပဲ တိုင်ပင်ပြီးတော့ ဆောင်ရွက်ခဲ့ ကြတာပါ။ အခုလက်ရှိ ကိုယ်တော်ဆိုတာက ကျောင်းအပေါ်မှာလည်း အာရုံမရှိဘူး။ သူသွားချင်ရာသွား၊ လုပ်ချင်ရာ လုပ်တာ။ ကျွန်တော်တို့က စက်လုပ်အားရတုန်း တာဖြစ်ဖို့ပဲလုံးပန်းခဲ့ကြတာ။ ရေပေါက်က ဘယ်အချိန်ဖောက်ဖောက်ဆိုပြီးတော့။ ဒီတာ ပေါ်ကပဲ ဆရာတော်ဦးရေ၀တ ဈာပန ရထားဆွဲတာတို့၊ ဘာတို့ကို လုပ်ခဲ့ကြရတာပဲ။ ဒီအချိန်မှာ ဒီတာကလည်း ကောင်းမွန်တာတစ် ကြောင်း၊ ပင်လယ်သဘာဝကလည်း သူ့ဘာသာသောင်ကြီးထွန်းလာပြီး ရေပိတ်သွားတာတစ်ကြောင်း၊ အဲဒီအကြောင်းကြောင့် ဒီရွာကို ရေမ၀င် တော့တဲ့ အရသာကို ရွာသားတွေက သိလာတယ်။ အဲဒီမှာ ဒီတာအတွက် ကိုယ့်ခွန်အားလည်းမပါဘူး။ ငွေတစ်စေ့ လည်း မပါဘူး။ သဲတစ်ပွင့်လည်းမပါတဲ့ အုပ်စုတစ်စုက (လက်ရှိဘုန်းကြီး အပါအ၀င် ပေါ့) ဒီတာကို အထိမခံဘူး ဖြစ်လာတယ်။     ဒီတော့ ကာယကံရှင်တွေမှာ အရမ်းနစ်နာပါတယ်။ ဘုန်းကြီး ဖြစ်စေ၊ လူဖြစ်စေ၊ သက်ရှိဖြစ်စေ၊ သက်မဲ့ဖြစ်စေ အရာဝတ္ထုနဲ့ ဆက် ဆံတာကအစ တရားသလား၊ မတရားတာလား၊ အကျိုးရှိဖို့လား၊ အကျိုးယုတ်ဖို့လား ဆိုတာကို သုံးသပ်ပြီးတော့ အကျိုးရှိဖို့ အမှန်တရားဘက်က ကျွန်တော် အမြဲတမ်းရပ်ပေးပါတယ်။ အခု ဘယ်လိုဖြစ်နေလဲ ဆိုတော့ လူအင်အားနဲ့ ဆန္ဒပြရင်ရတယ်။ ဒီမိုကရေစီအခွင့်အရေးဆိုပြီး ဒီကိစ္စက ဟုတ်သည်လား၊ မှားသည်လား၊ လုပ်သင့်သည်လား၊ မလုပ်သင့်သည်လား၊ မစဉ်းစားဘဲနဲ့ အခု ပြဿနာတက်အောင် ဖန်တီးနေကြပါတယ်။ ဒီလယ်နဲ့ပတ်သက်ပြီး အခု ကန့်ကွက်နေတဲ့ ဘုန်းကြီးနဲ့ လူတစ်စုကို ဒီလယ်ဟာ ကျွန်တော့်လယ်သာ ဆိုရင် သူတို့ကိုခေါ်  ပြီးတော့ ကျွန်တော်ဖောက်မယ်။ ဖောက်လို့ရွာကို ဆိုးကျိုး ဖြစ်စေတယ်ဆိုရင် ကျွန်တော့်အသက်နဲ့ ကျွန်တော်လောင်းကြေးထပ်ပြီး တော့ ကျွန်တော်အစတေးခံပါ့မယ်။ ဒီတော့ ဒီဖြစ်စဉ်မှာ ပုဂ္ဂိုလ်ရေးအရ မလိုလားဘူးဆိုတာ ထင်ရှားတယ်။ သူတစ်ပါးရဲ့ အကျိုးစီးပွားကို အကျိုး အကြောင်းမခိုင်လုံဘဲနဲ့ အုပ်စုဖွဲ့ပြီး ဖျက်ဆီးတယ်လို့ ကျွန်တော် အဲဒီလိုပဲ မြင်ပါတယ်။ သာချို (ဟင်္သာတ)
1 note · View note
coconutccg-blog · 12 years
Text
အဘိဓမ္မာ၏ အရေးပါမှု
မေး။………..။ ဆရာတော်ဘုရား အဘိဓမ္မာဘာသာရပ်သည် ဘဝ၌မည်မျှ အရေးပါကြောင်း တပည့် တော်အား ဖြေကြားပေးတော်မူပါ။
                                                                        ဇေယျာနောင်(စင်္ကာပူ)
ဖြေ။…………..။ ထမင်းဟာ ဘယ်လောက်အရေးပါသလဲဆိုတာ သိတယ် မဟုတ်လား၊ (သိပါတယ် ဘုရား) ထမင်းမစားရရင် ဘယ်လိုနေမလဲ၊ ဗိုက် ဆာမှာပေါ့။ အဲဒီလိုပဲ ဘဝခရီးမှာ ကိုယ့်ကိုကိုယ် နားလည်ဖို့ ပတ်ဝန်းကျင် နားလည်ဖို့ဆိုတာ အဘိဓမ္မာဘာသာရပ်ဟာ အလွန်တစ်ရာမှ အရေး ကြီး တယ်၊ ဘဝခရီးကိုရှင်းရှင်းလင်းလင်းသိဖို့ ဆိုပါစို့ ကိုယ့်စိတ်အကြောင်း ကိုယ်လေ့လာချင်တယ် ဆိုလိုရှိရင် ကောင်းတဲ့စိတ်လား မကောင်းတဲ့စိတ်လား သိဖိ���့ရာ အဘိဓမ္မာကို လေ့လာမှပိုပြီးသိတယ်။
အဘိဓမ္မာဟာ Analyst လုပ်တဲ့ပညာရပ်တစ်ခုပဲ Analyst လုပ်တတ်မှ ခွဲခြား စိတ်ဖြာ ပြီးတော့ သိတာ၊ အနတ္တသဘောတရားကိုလည်း အဘိဓမ္မာလေ့လာခြင်းဖြင့် ပိုပြီးထင်ရှားစေတယ်ပေါ့၊ ဗုဒ္ဓဘာသာဝင် ဖြစ်လာလို့ရှိရင် ဝိပဿနာ ကျင့်စဉ်ရဲ့ အခြေခံအကျဆုံးဖြစ်တဲ့ အဘိဓမ္မာဘာသာ ရပ်ကို လေ့လာထား ရမယ်။ ဒါဟာ အရေးကြီးတယ်ပေါ့၊ အထူးသဖြင့် ဘဝမှာအဘိဓမ္မာသင်ထားတဲ့ အတွက်ကြောင့် ကိုယ့် ဘဝရဲ့ အဓိပ္ပာယ်ကို ကိုယ်နား လည်လာတယ်။ ကိုယ့်အကြောင်း ကိုယ်နားလည်တယ်၊ လောကမှာ မေးလာရင် မင်းအကြောင်း မင်းသိလားဆို အော်-သိတာပေါ့ ဘယ်မြို့မှာမွေးတာ အမေကဘယ်သူ အဖေကဘယ်သူ နံမည်ကဘယ်သူ ဒီလောက်ပဲပြောနိုင် မယ်မဟုတ်လား မင်း ဘယ်ဘဝကလာတယ် ဆိုတဲ့ Quention ကို ဘယ်လိုဖြေမလဲ။ ဘယ်ကလ တာတုန်း ဘယ်သွားမှာတုန်းဆိုတဲ့ မေးခွန်းတွေ ကြတော့ မဖြေနိုင်တော့ဘူးလေ။
ဒီတော့ အဘိဓမ္မာတတ်ထားတဲ့ ပုဂ္ဂိုလ်ဟာရှင်းရှင်းကြီး ကိုယ့်အကြောင်းနဲ့ကိုယ် နားလည်မှုရှိတယ် ပေါ့။ ကိုယ့်အကြောင်းကို နားလည်ချင်တယ် ကိုယ့်ရဲ့ဘဝ ကိုယ်နားလည်ချင်တယ်၊ ကိုယ့်စိတ်ကိုယ် နားလည်ချင်တယ် စိတ်ထဲမှာ ထားရမဲ့စိတ် မထားရမဲ့စိတ်ကို နားလည်ချင်တယ်ဆိုရင် အဲဒါတွေ နားလည်မှ ဘဝဟာပိုပြီး အဓိပ္ပာယ်ရှိတယ်၊ ဘဝဟာပိုပြီးအဓိပ္ပာယ်ရှိဖို့အတွက်က အဘိဓမ္မာ ဘာသာရပ်ဟာ အရေးကြီးတယ်လို့ ဒီလိုပြောရမှာဖြစ်တယ်။
အဘိဓမ္မဆိုသည်မှာ Profound ဓမ္မ Profound doctrines-ပဲ၊ ရုပ်တရား နာမ် တရားတွေနဲ့ ပတ်သက်ပြီးသိရှိဖို့ ဝိပဿနာတရား ကျင့်စဉ်တွေ ကျင့်ဖို့လည်းပဲ အဘိဓမ္မာဘာသာရပ်ဟာ အထောက်အကူ အများချည်း ဖြစ်တယ်ပေါ့။ Analytical Knowledge of Mind & Matter အထောက်အကူပြုတဲ့ ဘာသာတစ်ခု ဖြစ်တယ်ပေါ့။
ဒါကြောင့်မို့ အဘိဓမ္မာကို နားလည်ခြင်းဖြင့် ကုသိုလ်အကုသိုလ်ကို နားလည်ပြီး ဘဝမှာ အမှားနည်း သွားမယ် အမှားနည်းပြီး အမှန်ကိုလုပ်နိုင်မှာ ဖြစ်ခြင်းကြောင့် အဘိဓမ္မာဟာ အင်မတန် အရေးကြီး ပါတယ်လို့ ပြောပါရစေ။
(ပါချုပ်ဆရာတော်ဘုရားကြီး စင်္ကာပူတရားပွဲ ပထမနေ့တွင် ဖြေကြားခဲ့သည့် မေးခွန်း)
(facebook မှာတွေ့လို့ တင်လိုက်တာပါ။)
0 notes
coconutccg-blog · 12 years
Text
MMG ၃နှစ်ပြည့် အခမ်းအနား
၂၈.၁၀.၁၂ နေ့ က မြန်မာ မာတီပလိုင်းသုံးစွဲသူများအဖွဲ့ ရဲ့ ၃နှစ်ပြည့် အခမ်းအနားလေးကို ရန်ကုန်မြို့ လယ်က City Star Hotel မှာ ညနေ ၄နာရီမှ ၇နာရီအထိ ကျင်းပပြုလုပ်ခဲ့တဲ့ မှတ်တမ်းဓာတ်ပုံလေးတွေပါ
0 notes
coconutccg-blog · 12 years
Text
MMG ၃နှစ်ပြည့်ဖိတ်စာ
မပျက်မကွက် ဆက်ဆက် တက်ရောက်ကြပါရန်
0 notes
coconutccg-blog · 12 years
Text
Surprisingly, the woman I admire most is a Bengali.
အောက်ပါ စာစဉ်မှာ ကျွန်တော့် ရဲ့ email contacts များဆီ ပို့ ထား သည့် အတိုင်းဖြစ်ပါသည်။ _____________________________________________________________________ In Myanmar nation-wide, Myanmar native people hate so-called Rohingya Bengalis illegal migrant people from Bangladesh. I also hate these so-called Rohingyas Bengalis. I hate them very much. But surprisingly, the woman I admire most is a Bengali. Taslima Nasrin is the woman I admire most. She is a Bangladeshi Bengali. Taslima Nasrin (Bengali: তসলিমা নাসরিন) (also Taslima Nasreen), born 25 August 1962, is a Bangladeshi author and former physician who has lived in exile since 1994. She rose to global fame by the end of the 20th century owing to her feminist views and her criticism of Islam in particular and of religion in general. She works to build support for secular humanism, freedom of thought, equality for women, and human rights by publishing, lecturing, and campaigning. Her feminist views and anti-religion remarks articles succeeded in drawing broad attention, and she shocked the religious and conservative society of Bangladesh by her radical comments and suggestions. Meyebela, My Bengali Girlhood is a 1998 autobiographical book by Bangladeshi doctor, turned feminist writer Taslima Nasrin. This autobiographical book tells Nasrin's story from birth to adolescence. The Bengali term Meyebela means "girlhood". The book has been banned in Bangladesh because "its contents might hurt the existing social system and religious sentiments of the people. Nasrin has in this and in her other books written about women rights in Bangladesh: "Girls suffer, especially in Muslim countries," she said. "I could not go out and run in the fields. I was supposed to stay home to learn how to cook, to clean. Women are not treated as human beings. They are taught for centuries that they are slaves of men." Read more about her at Wikipedia. http://en.wikipedia.org/wiki/Taslima_Nasrin
0 notes
coconutccg-blog · 12 years
Text
Photo Album 2012-10-17 #2
0 notes
coconutccg-blog · 12 years
Text
ကျွန်တော် နားလည်သော ဇာတိ ဒုက္ခ
ဓမ္မပဒ ၁၅၃။ အနေကဇာတိသံသာရံ၊ သန္ဓာဝိဿံ အနိဗ္ဗိသံ။ ဂဟကာရံ ဂဝေသန္တော၊ ဒုက္ခာ ဇာတိ ပုနပ္ပုနံ။
အဖန်ဖန် ပဋိသန္ဓေနေရခြင်းသည် ဆင်းရဲလှစွာသောကြောင့် ခန္ဓာအိမ်ကို ဆောက်လုပ်တတ်သူ တဏှာလက်သမားကို ရှာသောငါသည် ထိုတဏှာလက်သမားကို မြင်နိုင်သောဉာဏ် မရသေးသဖြင့် ဘ၀များစွာ သံသရာပတ်လုံး ကျင်လည်ခဲ့ရလေပြီ။
ဓမ္မပဒ ၁၅၄။ ဂဟကာရက ဒိဋ္ဌောသိ၊ ပုန ဂေဟံ န ကာဟသိ။ သဗ္ဗာ တေ ဖာသုကာ ဘဂ္ဂါ၊ ဂဟကူဋံ ၀ိသင်္ခတံ။ ၀ိသင်္ခါရဂတံ စိတ္တံ၊ တဏှာနံ ခယမဇ္ဈဂါ။
ခန္ဓာအိမ်ကို ဆောက်လုပ်တတ်သော ဟယ် တဏှာလက်သမား၊ ငါသည်သင့်ကို ပညာမျက်စိဖြင့် ယခုမြင်အပ်ပြီး၊ ခန္ဓာအိမ်ကိုနောင်တဖန် သင်ဆောက်လုပ်ရတော့မည်မဟုတ်၊ သင်၏ ကိလေသာတည်းဟူသော အခြင်ရနယ် အားလုံးတို့ကို ငါချိုးဖျက်အပ်ပြီ၊ အ၀ိဇ္ဇာတည်းဟူသော အိမ်အထွတ်ကို ဖျက်ဆီးအပ်ပြီ၊ ငါ၏စိတ်သည် ပြုပြင်ခြင်းကင်းရာ နိဗ္ဗာန်သို့ရောက်ပြီ၊ တဏှာ ကုန်ရာကုန်ကြောင်း အရဟတ္တဖိုလ်ကိုရပြီ။
ယခုဖော်ပြထားတဲ့ ဓမ္မပဒ ၁၅၃-၁၅၄ ဟာ အနေကဇာ တင်တဲ့ စာသားတွေဖြစ်ပါတယ်။ ပထမ ဗုဒ္ဓ ၀စန လို့ လည်းခေါ်ပါတယ်။ ဗုဒ္ဓ ၏ ပထမဦးဆုံး ဘုရားဖြစ် ပြီးပြီးခြင်း ပြောတဲ့ (ဥဒါန်းကျူးတဲ့) စကားတော်ပါ။
ကျွန်တော် ဆွေးနွေး ပြချင်တာက ဒုက္ခာ ဇာတိ ပုနပ္ပုနံ ဆိုတဲ့ ပါဒ်ပါ။ ဒုက္ခသစ္စာကို ရှင်းပြတဲ့ တရားပါ၊ အဖန်ဖန် ပဋိသန္ဓေနေရခြင်းသည် ဆင်းရဲ၏ လို့  အဓိပ္ပါယ် ရပါတယ်။
ဒါကို ကျွန်တော်က ဇာတိ တစ်ကြိမ်ဖြစ်ရင် ဒုက္ခလည်း တစ်ကြိမ်ဖြစ်၊ ဇာတိ က အကြိမ်ကြိမ်ဖြစ်တော့ ဒုက္ခလည်း အကြိမ်ကြိမ် ဖြစ်၊ ဇာတိ က ပုနပ္ပုနံ ဖြစ်လို့  ဒုက္ခာ ကလည်း ပုနပ္ပုနံ ဖြစ်တယ် လို့  အဓိပ္ပါယ် ဖွင့်ပါတယ်။
အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ တက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် အရှင် နန္ဒ မာလာဘိဝံသ က  ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ တရားတော်မှာ အခုလို ဟောထားပါတယ်။
မွေးတယ်ဆိုတာ မွေးရုံနဲ့ ရပ်နေမှာ မဟုတ်ဘူး။ အိုမယ် နာမယ် သေမယ်၊ ဒီစခန်း ဒီလမ်းပဲ သွားနေတာ ဆိုတော့ ဘယ်လောက် စိတ်ပျက်စရာ ကောင်းလဲ။ ဒါ ဘုရား စဉ်းစားတာနော်။
ဒုက္ခာ ဇာတိ ပုနပ္ပုနံ၊ ပုနပ္ပုနံ- ထပ်တလဲလဲ၊ ဇာတိ- မွေးဖွားလာရတာဟာ၊ ဒုက္ခာ- သိပ်စိတ်ပျက် စရာ ကောင်းတယ်တဲ့။
အောက်ပါပုံကို ဒိန်းမတ်လူမျိုး ထေရ၀ါဒဘုန်းတော်ကြီး Bhikkhu Samahita ထံမှ ရရှိပါတယ်။
From birth as a requisite condition come aging and death.
Jãti paccayã jarã marana ဇာတိ ပစ္စယာ ဇရာ မရဏ
0 notes
coconutccg-blog · 12 years
Text
Photo Album 2012-10-17
0 notes
coconutccg-blog · 12 years
Text
15 october 2012 ရက်နေ့တွင် facebook ၀ဘ်ဆိုက် Down ပါမည်။
ကဲ  ကောလဟာလလားတော့ မသိဘူး  facebook ပိတ်တော့ မယ်လို့  ကိုညီနေမင်းဝဘ်ဆိုက်မှာ တင်ထားတာတွေ့ လို့  ကူးတင်ပေးလိုက်ပါတယ်နော်။ ၁၅ ရက်နေ့တွင် အားလုံးနီးပါး သဘောကျနေကြတဲ့ facebook social site ဟာ Down သွားတော့မှာ ဖြစ်ပါတယ်။ အဲ့တော့ အဲ့ဆိုက်ထဲမှာ မိမိရဲ့ ဓါတ်ပုံနှင့် data များရှိပါက ကြိုတင်ပြီးတော့ သိမ်းဆည်းထားရကြရန် backup လုပ်ထားကြရန် သတိပေးလိုက်ပါတယ်။ အခုလို Down သွားရတဲ့အတွက် ပိတ်ပြစ်မှာလား ဒါမှမဟုတ် ပိုက်ဆံသွင်းမှ သုံးလို့ရမှာလား ဆိုတာကိုတော့ တိကျတဲ့ အဖြေမထွက်သေးပါဘူး။ အဲ့တော့ ဘာပဲဖြစ်ဖြစ် backup လုပ်ထားဖို့ကိုတော့ သတိပေးချင်ပါတယ်။ အသေးစိတ်သိချင်လျှင် ဒီမှာသွားဖတ်လိုက်ပါ။ http://weeklyworldnews.com/headlines/27321/facebook-will-end-on-october-15th/                                                                             စိုင်းခွန်းနော် ( မေတ္တာနယ်မြေ )
0 notes
coconutccg-blog · 12 years
Text
MMG ၃နှစ်ပြည့်ပွဲ ရက်သတ်မှတ်ခြင်း
MMG အဖွဲ့ ရဲ့ ၃နှစ်ပြည့်တွေ့ ဆုံပွဲလေးကို နေ့ ရက် ။ ။ ၂၈.၁၀.၂၀၁၂ တနင်္ဂနွေနေ့  အချိန် ။ ။ ညနေ ၄နာရီ - ၆နာရီ နေရာ ။ ။ City Star Hotel (မြို့ တော်ခန်းမရှေ့ ) မှာ ကျင်းပပြုလုပ်ဖို့  ရည်ရွယ်ထားပါတယ်။ ဖိတ်စာလေးနဲ့  နောက်ရက်မှာ တင်မှာပါ။ ခုတော့ မေးနေသူတွေ သိရအောင်လေးပဲ ပြောပြလိုက်ပါတယ်နော်
0 notes
coconutccg-blog · 12 years
Text
ဝန်ကြီးဌာန အသီးသီး၏ website စာရင်းများ
ဝန်ကြီးဌာန အသီးသီး၏ Website များသို့ ဝင်ရောက်လေ့လာလိုသူများအတွက် ဝန်ကြီးဌာန အသီးသီး၏ Website စာရင်းများကို ပြုစုထားခြင်းဖြစ်ပါတယ်။
      စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
  Myanmar TradeNet
   အမှတ်(၁) စက်မှုဝန်ကြီးဌာန
    အမှတ်(၂) စက်မှုဝန်ကြီးဌာန
   သာသနာရေးဝန်ကြီးဌာန
  နိုင်ငံခြားရေးဝန်ကြီးဌာန
  သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန
  အားကစားဝန်ကြီးဌာန
  ဆက်သွယ်ရေး ၊ စာတိုက်နှင့် ကြေးနန်း ၀န်ကြီးဌာန
  Domestic Express Mail Services
  Myanmar Posts & Telecommunications
 Myanmar Posts & Telecommunications login
 eTelegram Systems
  ပို့ဆောင်ရေး ဝန်ကြီးဌာန
 Myanmar Port Authority
 Inland Water Transport
 မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
    ဆောက်လုပ်ရေးဝန်ကြီးဌာန
  အလုပ်သမားဝန်ကြီးဌာန
  စွမ်းအင်ဝန်ကြီးဌာန
  သစ်တောရေးရာဝန်ကြီးဌာန
  ဟော်တယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန
  ကျန်းမာရေးဝန်ကြီးဌာန
  Ministry Of Agriculture and Irrigation
  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတရုံး
 Between News about Myanmar - Burma
 သတင်းမီဒီယာ Website Gallery
Credit to : General Knowledge Facebook Page
https://www.facebook.com/pages/General-Knowledge/271775222863912
0 notes
coconutccg-blog · 12 years
Text
သူမနှင့် ပိုးဟပ်တကောင် နန်းမိုဟွမ်း( ၃၀ စက်တင်ဘာ ၂၀၁၂)
သူမနှင့် ပိုးဟပ်တကောင် အခန်းထောင့် က ဖလပ်ဖလပ် တရှပ်ရှပ်ပြေးသံ ကြားတော့ သူမလှည့် ကြည့်လိုက်မိသည်။ “အော်-ပိုးဟပ်တကောင်” ထို ပိုးဟပ်က အတင့်ရဲရဲနှင့် ခြေစုံချထိုင်ထားသောသူမ ခြေ ဖျားတည့်တည့် ပြေးဝင်လာသောအခါ သူမ က ခပ်သွက်သွက်ပင် ခြေအစုံ ကို ကုလားထိုင်ပေါ်သို့ ဆွဲ ယူတင်လိုက်ဖြစ်သည်။ သူမ က မြွေ များ၊ဖားများ ၊ပုတ်သင်များ၊ကို ချစ်တတ်သော်လည်း ပိုးဟပ်ကိုတော့ကြောက်တတ်သူဖြစ်သည်။ ပိုးဟပ်ပျံတ
ကောင်ကောင်များသူမထံတည့်တည့်တိုးလျှင် ရင်ထဲအသည်းထဲလှပ်ကနည်းအေးကာနှလုံးသားတဒိုင်းဒိုင်းမြည်အောင်လန့်တတ်သူလည်း ဖြစ်ခဲ့ သည်။ ထို့ကြောင့် ထို ပိုးဟပ်သို့ မကြည့်မိအောင်စိတ်ထိမ်းရင်းဆွဲလက်စ ပန်းချီ ကား ကို သည်းည်းမည်းမည်း အာရုံ စိုက်ထားလိုက်သည် ။နောက်ထပ် ဖလပ်ဖလပ်တရှပ်ရှပ် ကြားပြန်တော့ မကြည့်ဘဲ မနေနိုင် “အော်-ဒီပိုးဟပ်နှယ်” ပိုးဟပ် ကခက်ခက်ခဲခဲ ပုံစံ နှင့် သူမ ညနေက ဖွ ထားခဲ့ သောစာအုပ်ပုံနှင့် ဗွီစီဒီ ချပ်ပုံ ကို တက် ကာ ခေါက်တုန့်ခေါက်ပြန်လမ်းသလားနေပြန်သည်။ သူ့ ကိုယ်သူ မော်ဒယ်ဘွိုင်း စင်ပေါ်လမ်းလျှောက်နေတယ်များထင်နေသလားဟု သူမုစိတ်ထဲမှအချဉ်ပေါက်တွေးမိရင်း မကြည့်မိအောင်စိတ်ပိုင်းဖြတ်ကာပန်းချီဆက်ဆွဲနေလိုက်သည်။ ဖလပ်ဖလပ်ရှပ်ရှပ်အော် ခက်ပါ ပြီ.. “ဒီ ပိုးဟပ်ကောင်….” ပျံသန်းလာသော ပိုးဟပ် က ညနေကမှ လျှော် ထားသည့် ရှန်ပူနံ့ သင်းသင်း သူမဆံနွယ်များ ကို ဖြတ်သန်းသွားသည့် အခါနှင့် တဆက်တည်း “တယ်-ဒ်ီပိုးဟပ်” ဆွဲ လက်စပန်းချီ ကားပေါ် ကစုတ်တံ ကဦးတည်ချက်လွဲ သွားခဲ့ ချိန်… ပထမ အဆင့် …လန့်သွားသည့် ရင်ခုံသံ ဒုတိယအဆင့်…. လက်လွန်သွားသော လက်ထဲ ကဆေးပေလက်စစုတ်တံ တတိယအဆင့်…. ဆူပွက်လာသောသွေးနှင့်ငယ်ထိပ်တက်သွားသောဒေါသ စတုတ္ထ အဆင့်….. လှစ်ကနည်းဆွဲ ကိုင်လိုက်ဖြစ်တဲ့ insects killer spray “ဒီ ပိုးဟပ်ကောင်တော့လား” ရှူး အနည်း ပန်းထွက် လာတဲ့ ဆေးရည်ဆေးမှုံဆေးစက်တွေ ရဲ့ နောက်မှာ ပိုးဟပ် သည်လည်း တလူးလွန့်လွန့် တောင်ပံခတ် သံတွေ နဲ့ မှောက်တလှဲ့ လှန် တလှဲ့ သူမ ရဲ့ ဖယောင်းပုဆိုး ကြမ်းခင်းပေါ်မှာ….. မကြာသေးခင်ကမှ ဘုရားရှိခိုးအမျှဝေမေတ္တာတွေပို့ဝေထားသော နုညံ့ တဲ့ သူမ ရဲ့ စိတ်ထားလေးတွေ ပန်းချီ ဆွဲနေစဥင်္ က အေးဆေး တည်ညိမ် သိမ်မွေ့ခဲ့ တဲ့ သူမ ခံစားချက်လေးတွေ ပထမဆုံး အကြိမ် ဖလပ်ဖလပ်ကြားစဉ်က ပိုးဟပ် ကို လှမ်းကြည့်စဥင်္ က ကြောက်ကြောက်ရွံ့ ရွံ့ ခံစားချက်နှင့် မျက်ဝန်းတွေ မဟုတ်တော့ပါဘဲ…. သူမ မုန်းတည်းစွာ ရက်စက်ဖြစ်ခြင်းပါ ။ဆေးထိ ထားသော်လည်းတော်တော်နှင့်မသေ လူးလွန့် ကာ ဟိုဒီပြေးလွှားနေသော ပိုးဟပ် ကို ငေးစိုက်ကြည့် ရင်း သူမ စိတ်ထဲ မှ အပြစ်တင်သံများ က သတ်မိသောသူမ အပြစ်မရှိကြောင်းလျှောက်လဲ ချက်ပေးနေသလိုလို ဖြစ်နေခဲ့ သည်။ “ဒီကောင့် ကို ငါ သတ်တာမှန်တယ်။ လုံးဝငါ့အလွန်မဟုတ်ဘူး။” • သည်ပိုးဟပ် က သူနေသင့်နေထိုက်သောရပ်ဝန်းဖြစ်သည့် မီးဖိုချောင် ရေ မြောင်းထဲ တွင်မနေသူမ ခြေရင်း အထိ အေ၇ာက်လာခြိမ်းခြောက်သွားခဲ့ သည်။ • သည်ပိုးဟပ်က ကြောက်ရွံ့ စိတ်နှင့် ခေါင်းငုံ့နေခဲ့ သော သူမ ကို လျှောက်ပြန်သံပေး ခြောက်ခြားအောင် ဟန်ရေး အမျိုးမျိုးပြခဲ့ သည်။ • သည်ပိုးဟပ် က သူမ ပိုင် ဆိုင်သော ပစ္စည်းများအပေါ် ခေါက်တုံ့ ခေါက် ပြန်ကျူးကျော်ခဲ့ သည်။ • ထို့ အပြင် သည် ပိုးဟပ် ကပင် သူမ ဧ။်မွှေးရနံ့ သင်းပျံ့ ပျံ့ ခေါင်းလျှော်ပီးစ ဆံနွယ်တွေ ကို မလိုတမာ သူဧ။် ညစ်ပေသောခြေလက်များနှင့် ကလူကျီစယ်ဆော့ ကစားသွားခဲ့ သည်။ • သည်ပိုးဟပ်ကပင်သူမဧ။်ငြိမ်းချမ်းရေးဟုအမည်ပေးခဲ့သော သပြေခက်ကိုက်ချီထားသည့်ချိုးငှက်ဖြူလေးရင်ဝတည့်တည့်အား လက်လွန်သွားသောဆေးနီစက် တို့စွန်းပေကျံစေခြင်းဖြင့် အလှပျက်စီးစေခဲ့ သည်။ အထက်ပါစွဲ ချက်များဖြင့် သည် ပိုးဟပ် သေ ကို သေသင့် သည် ဟုတွေး အပြီးသူမ သက်ပြင်းတချက် အခိုင်အမာချလိုက်ကာ အစောပိုင်း က insect killer sprayဗူး အား ပြန်ဆွဲ ယူ၍ ယက်ကန်ယက်ကန်ကောင်အနားတလှမ်းခြင်းတိုးသွားဖြစ်သည်။ နင်လဲ နောက်ဘ၀ပိုးဟပ် မဖြစ်နဲ့ ဖြစ်လဲ ငါ့ရှေ့ မလာနဲ့… ငါ က ငါ့ ပိုင်နက်ကျူးကြော်တဲ့ သူ ဆို မုန်းတယ် ငါ့ ကို ခြိမ်းခြောက်ရင်မုန်းတယ်။ ငါ နင့် ကို ၃ခါ သည်းခံ ခဲ့ တယ် ။ အခု ၄ကြိမ်မြောက် ပြီးတော့ ငါက ၄ဂဏန်းဆိုတအားမုန်းတယ် ဟုရေရွတ်ရင်း စပရေး ကို ပိုးဟပ်တကိုယ်လုံးရွှဲသွားအောင် မလွှတ်တမ်းလက်ညှိုး နှင့် ဖိထားဖြစ်လိုက်သည်။ လှုပ်လျားနေသော ပိုးဟပ် လက်ခြေ များ က တဖြေးဖြေး နှေးကွေးလာ ပြီး နောက် ဆုံး ညိမ် ကျသွား ကာ ရပ်တံ့ သွားတော့ သည်။ ထို အခါ တွင် သူမ ကိုယ် တိုင်အပြစ်မကင်းဟု အနည်းအကျဉ်းခံစားဖြစ်သည်။ အသက် တချောင်း၊ သို့ သော် ထို အသက်တချောင်းရှင်စဉ် က သူမ ကို ၄ကြိမ်တိတိ ခြိမ်းခြောက်ခဲ့ရုံမက သူမ က သူ့ ကို အသက်ရှုရပ်မတံ့ ကြောက်ခဲ့ ဘူးပါသည်။ အမှန်တော့ သူမ ကြောက် ကန် ကန် ခြင်းပါ။ သို့သော် သူမ က ရက်စက်နိုင်သူပမာ မာန်တင်းနေဖြစ်ပြန်သည်။ ပုတုဇဉ် မှန် သမျှ တမျိုးစီ ရူး ကြ တာဘဲ ကိုး။ သေချာ တာတော့ သည်ပိုး ဟပ်ကြောင့် သူမ ပန်းချီကားထဲ မှငြိမ်းချမ်းရေး ချိုး ဖြူ ငှက်ကလေးရင်ဝမှာဆေးနီ သက်တွေ စွန်းပေခဲ့ တာပါ။ ထို အချက်က သူမ ရက်စက်ရခြင်းဧ။် အဓိက သော့ ချက်ဖြစ်ပါလိမ့်မည်။ သူမ ကိုယ်သူမ လည်း သိပ်မသေချာပါ။ ကျန်သောစွဲ ချက်များကတော့ လုပ်ထုံးနည်းအတိုင်းပုဒ်မ ကြီးအောင်ဆွဲ ထည့် ခြင်းသာ ဖြစ်ခဲ့ ပါမည်။ နန်းမိုဟွမ်း( ၃၀ စက်တင်ဘာ ၂၀၁၂)
0 notes
coconutccg-blog · 12 years
Text
လမ်းညွန်
မာတီက အကို အမအားလုံးမင်္ဂလာပါခင်ဗျာ ကျွန်တော်က စိုင်းခွန်းနော်ပါ မာတီမှာ အရင်ကလို စာတွေရေးလို့ မရဘူးဆိုတော့   တချို့  ကိုယ်ပိုင် domain ၊ hosting တွေနဲ့  ရေးဖို့   စဉ်းစားလာကြပါတယ်။ ဒါပေမယ့်  တချို့  အချိန်မပေးနိုင်တဲ့ သူတွေ  ဒီနယ်ပယ်ထဲကို စူးစိုက်ပြီး မလုပ်နိုင်သေးတဲ့ သူတွေ အတွက်တော့  free လေးတွေက အဆင်ပြေပါတယ်။ စာရေးဖို့  မျှဝေဖို့ နေရာတွေ အများအပြားရှိတဲ့ အနက်က social site လေးတစ်ခုကို ပြောပြချင်ပါတယ်။ http://wall.fm/ ဆိုတဲ့ နေရာလေးပါ၊ ၀ဘ်ဆိုက်လေးကိုသွားပြီး မှတ်ပုံတင် ဖြည့် သင့် တာလေးတွေဖြည့် ပြီး ရင် ၀ဘ်ဆိုက်တစ်ခု ရပါပြီ။ html/css code တွေနဲ့ မာတီ  ရင်းနှီးနေတဲ့ အတွက် အသေးစိတ်မရေးတော့ ဘူးနော် လွယ်ကူပါတယ် ကျွန်တော်လည်း အဲ့ ဒီမှာရေးနေပါတယ် မေတ္တာနယ်မြေ လာလည်ဖို့ ဖိတ်ခေါ်ပါတယ်                                                                 အားလုံး အဆင်ပြေကြပါစေ                                                                 စိုင်းခွန်းနော် ( မေတ္တာနယ်မြေ )
0 notes
coconutccg-blog · 12 years
Text
Photo Album 2012-09-21
0 notes
coconutccg-blog · 12 years
Text
Photo Album 2012-09-13 #10
0 notes
coconutccg-blog · 12 years
Text
Photo Album 2012-09-13 #9
0 notes